Friday, March 3, 2017

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဆောင်းပါးပြိုင်ပွဲ ကျင်းပ



ဘားအံ မတ် ၂
ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသမီးထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အဆင့်မြင့်ပညာအဆင့် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဆောင်းပါးပြိုင်ပွဲကို '၂ဝ၃ဝ အမီ ကမ္ဘာကြီးကိုပြောင်းလဲဖို့ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်မှုကို မြှင့်တင်စို့'ခေါင်းစဉ်ဖြင့် မတ် ၁ ရက် နံနက် ၁ဝ နာရီက ဘားအံတက္ကသိုလ်၌ ကျင်းပခဲ့သည်။
အဆိုပါဆောင်းပါးပြိုင်ပွဲသို့ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်းတို့မှ စုစုပေါင်း ၁၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment