Friday, March 3, 2017

မဏ္ဍိုင်(၂)ရပ် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်



Image may contain: 1 person, crowd and outdoor
နေပြည်တော် မတ် ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သာဝတ္ထိ မြို့ မဟာပရဟိတ(စမတောင်)သို့ သွားရောက်၍ လက်ခံစောင့်ရှောက်ထားသည့် ကလေးများအား ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ မူကြိုနည်းပညာရပ်များနှင့်အညီ လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်မှုပေးနိုင်ရေး၊ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များကို ဂေဟာတာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ကာ ဝန်ကြီးဌာနက ပေးအပ်သော အလှူငွေကျပ် နှစ်သိန်းကို ပေးအပ်လှူဒါန်းပြီး ဂေဟာဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စားစရာများ ပေးအပ်သည်။
အဆိုပါ ဂေဟာသည် လူမှုဝန်ထမ်းဦးစီးဌာန၏ တတိယအဆင့် အသိအမှတ်ပြုဂေဟာဖြစ်ပြီး လက်ရှိတွင် ကလေးသူငယ် ၆၇ဝ ခန့်အား ပြုစုစောင့်ရှောက်ထားရှိသည်။
ယင်းနောက် ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့သည် ဒီမိုကရေစီကူးပြောင်း ရေးကာလတွင် အရေးပါသည့် မဏ္ဍိုင်များဖြစ်ပြီး ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ ဘတ်ဂျက်ငွေကို စီမံခန့်ခွဲဆောင်ရွက်ရခြင်းဖြစ်၍ မျှတစွာ ဆုံးဖြတ်သုံးစွဲရ မည်ဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်မှာ ဘတ်ဂျက်ချထားသည့်လုပ်ငန်းဆောင် ရွက်ရခြင်းဖြစ်သည့်အတွက် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်လည်း မူဝါဒအသစ်ဖော်ဆောင်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူအကျိုးကို စိတ်ထားကောင်းကောင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက အပြောင်းအလဲကို ဖော်ဆောင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ပြောင်းလဲဆောင်ရွက်နိုင်သည်များ၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment