Thursday, March 2, 2017

သမ္မတ ပတ်ဂွန်ဟေး၏ အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး မတ်လအစောပိုင်းတွင် စီရင်ချက်ချမှတ်မည်



Image may contain: 1 person, crowd and outdoor
ဆိုးလ် မတ် ၁
အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးအား အခြေခံဥပဒေဆိုင်ရာတရားရုံးက မတ်လအစောပိုင်းတွင် အပြီးသတ်တရားစီရင်ချက်ချမှတ် မည်ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်အရ သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်တွင် သမ္မတပတ်ဂွန်ဟေး၏ အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး တရားရုံးက နောက်ဆုံးအကြိမ် ရုံးထိုင်ကြားနာစစ်ဆေးမှုကို စတင်ခဲ့သည်။ မတ် ၁ ရက်တွင် သမ္မတပတ်ဂွန်ဟေးအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများသည် ဆိုးလ်မြို့တော်ရှိ လမ်းမများပေါ်တွင် သီးခြားဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး သမ္မတပတ်အား စစ်ဆေးပြီးနောက် အချိန်ဆိုင်းငံ့မှုမရှိစေဘဲ ဖမ်းဆီးသင့်သည်ဟု သမ္မတပတ်ဂွန်ဟေးအား ဆန့်ကျင်သူများက ဟစ်ကြွေးခဲ့ကြသည်။ သမ္မတပတ်အနေဖြင့် ၎င်း၏မိတ်ဆွေအား အစိုးရတစ်ရပ်လုံးကို သြဇာလွှမ်းမိုးခွင့် ပြုထားခြင်းသည် သမ္မတတစ်ဦး၏ တာဝန်ဝတ္တရားပျက်ကွက်ခြင်းပင် ဖြစ်သည်ဟု အသက်(၂ဝ)အရွယ်ရှိ ဆန္ဒထုတ်ဖော်သူ တစ်ဦးကဆိုသည်။
သမ္မတပတ်အား ထောက်ခံဆန္ဒထုတ်ဖော်သူများတွင် သက်ကြီး၊ ရွယ်ကြီးအများစု တက်ရောက်ကြကြောင်း သိရသည်။ သမ္မတပတ်သည် မည်သည့်အခါမျှ ကိုယ်ကျိုးအတွက် ရှေ့တန်းမတင်ဘဲ ပြည်သူ့အကျိုးကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်းနှင့် သမ္မတပတ်အား ၎င်း၏မိတ်ဆွေ၏ ကြံရာပါတစ်ဦးအဖြစ် ထင်မှတ်ခြင်းသည် မှားယွင်းသော ထင်မြင်ချက်ပင်ဖြစ်သည်ဟု သမ္မတပတ်အား လိုလားသူ တစ်ဦးက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံက နျူဒုံးကျည်များ စမ်းသပ်ပစ်ခတ်နေချိန်တွင် တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် မယိမ်းယိုင်သင့်ကြောင်း အသက် (၈ဝ) အရွယ်အဖိုးအို တစ်ဦးက ဆိုသည်။
လက်ရှိအခြေအနေတွင် သမ္မတပတ်အား တရားရုံးက ပြစ်မှုထင်ရှားကြောင်း တရားစီရင်ချက် ချမှတ်မည်ဆိုပါက ရက်ပေါင်း ၆ဝ အတွင်း သမ္မတရွေးကောက်ပွဲကျင်းပ ရမည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment