Thursday, March 2, 2017

တရုတ်နှင့် အမေရိကန် ပုံမှန်ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီ



Image may contain: 2 people
ဝါရှင်တန် မတ် ၁
အမေရိကန်နှင့် တရုတ်ထိပ်တန်းသံတမန်များက အပြု သဘောဆောင်သော ဆက်ဆံရေး၏ အရေးပါမှုနှင့် နှစ်နိုင်ငံကြား အဆင့်မြင့်ပုံမှန်ဆွေးနွေးပွဲများပြုလုပ်ရန် သဘောတူညီမှုများကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တီလာဆန်နှင့် တရုတ်နိုင်ငံ၏ ပြည်ပရေးရာကိစ္စရပ်များ ကြီးကြပ်ကွပ်ကဲ သူ နိုင်ငံတော်ကောင်စီဝင် ယန်ကျီချီတို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝါရှင်တန်မြို့၌ တွေ့ဆုံခဲ့ကြသည်။
ရက်တီလာဆန်သည် ယန်ကျီချီ၏ ဖိတ်ခေါ်မှုကို တုံ့ပြန်ရန်အတွက် မကြာမီအချိန်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
၎င်းတို့နှစ်ဦးသည် မြောက်ကိုရီးယားနျူကလီးယားပြဿနာအပါအဝင် နှစ်နိုင်ငံအပြန်အလှန်သက်ဆိုင်နေသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုနှင့် နျူကလီးယားအစီအစဉ်များရပ်တန့်ရန် လုပ်ဆောင်ခြင်းမရှိဟု ပြောဆိုခဲ့ဖူးသည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံမှ ကျောက်မီးသွေးများ ဝယ်ယူတင်သွင်းမှုကို ဖေဖော်ဝါရီလအတွင်းက ရပ်ဆိုင်းလိုက်သည်။
အဆိုပါ ထိပ်တန်းသံတမန်နှစ်ဦးက ဒေါ်နယ်လ် ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အနေဖြင့် ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့သည်ဟု ယူဆရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment