Thursday, March 2, 2017

Forum of Federations ကိုယ်စားလှယ်အဖွဲ့နှင့် ကာတာနိုင်ငံခြားရေးဝန်ကြီး၏အထူးကိုယ်စားလှယ်တို့အား သူရဦးရွှေမန်း သီးခြားစီလက်ခံတွေ့ဆုံ



Image may contain: one or more people, people sitting, suit and indoor
နေပြည်တော် မတ် ၁
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Forum of Federations မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီခွဲတွင်လည်းကောင်း၊ ကာတာနိုင်ငံခြားရေးဝန်ကြီး၏ အထူးကိုယ်စားလှယ် H.E. DrMutlaq M. Al-Qahtani အား ညနေ ၄ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာအဆောင် အမှတ် (I-1) ဧည့်ခန်းမဆောင်၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
Forum of Federations ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဖက်ဒရယ်စနစ် အကောင်အထည်ဖော် ကျင့်သုံးမှုနှင့် ပတ်သက်၍ အတွေ့အကြုံများနှင့် ယှဉ်ကာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment