Monday, March 6, 2017

(၁၄၈)ကြိမ်မြောက် သမိုင်းဝင်အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ



Image may contain: 11 people, people standing
မိုးကောင်း မတ် ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ သမိုင်းဝင် အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား (၁၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ် ၅ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးဝေလင်းက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဝန်ကြီးက အင်းတော်ကြီး ရွှေမဉ္ဇူရေလယ် ဘုရား၏ အခွန်လွတ်ဂရန်ကို ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် အင်းတော်ကြီးကန်အတွင်း ငါးလွှတ်ပွဲ အခမ်းအနားပြုလုပ်ကာ ငါးများလွှတ်ခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မိုးညှင်း ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လဝက ဦးစီးမှူးနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး ပွဲတော်ကို ယနေ့ မှစ၍ တပေါင်းလပြည့်နေ့အထိ ရှစ်ရက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:

Post a Comment