Thursday, March 30, 2017

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ သုတေသနဗဟိုဌာန ဖွင့်လှစ်

Image may contain: 1 person, standing

နေပြည်တော် မတ် ၂၉

နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ဘတ်ဂျက် ခွင့်ပြုငွေဖြင့် ဆောင်ရွက်သော အလျားပေ ၂ဝဝ ၊ အနံပေ ၅ဝ RCC နှစ်ထပ်သုတေသန ဗဟိုဌာနဖွင့်ပွဲအခမ်းအနားကို မတ် ၂၉ ရက် နံနက် ၈ နာရီတွင် အဆိုပါအဆောက်အအုံ၌ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမာမာဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့ပြင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ဘတ်ဂျက်ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သော ဆောက် လုပ်ရေးလုပ်ငန်းများဖြစ်သည့် အလျားပေ ၆ဝ ၊ အနံပေ ၄ဝ သရုပ်ပြနွားမွေးမြူရေးခြံတစ်ခြံ၊ အလျားပေ ၂၃ဝဝ ၊ အကျယ် ၁၂ ပေ ၊ အထူခြောက်လက်မ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေဂါလန် ၂ဝဝဝဝ ဆံ့ Ground Tank တစ်ခု၊ စက်ရေတွင်းတစ်တွင်း၊ အိပ်ဆောင်သစ်သုံးလုံးသို့ ရေပိုက်လိုင်းအသစ်သွယ်တန်းခြင်း၊ ဂန္ဓမာဆောင် အုတ်တံတိုင်း ဖြည့်စွက် ကာရံခြင်းလုပ်ငန်းများကိုလည်း တင်ဒါအောင်မြင်ခဲ့သော ခွန်အားပြည့်ကုမ္ပဏီ၊ လျှမ်းလျှမ်းတောက်ကုမ္ပဏီ၊ TZTM ကုမ္ပဏီ၊ အောင်ချမ်းသာကုမ္ပဏီတို့က လွှဲပြောင်းအပ်နှံခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ လုပ်ငန်းရှင်များ၊ ပါမောက္ခ၊ ဌာနမှူး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment