နိုင်ငံတကာသတင်း
မိုဆူးလ် မတ် ၅
အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် အီရတ်အင်အားစုများသည် တနင်္ဂနွေနေ့တွင် အိုင်အက်စ်စစ်သွေးကြွများ ထိန်းချုပ်ထားသည့် တီကရစ်မြစ် အနောက်ဘက်ကမ်းပေါ်ရှိ မိုဆူးလ်မြို့၏ အချက်အချာ မြို့ဟောင်းကို ထိုးစစ် ဆင်တိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်လာကြောင်း အီရတ်တပ်မတော်ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။
အီရတ်အင်အားစုများသည် မိုဆူးလ်မြို့ ဌာနချုပ်ဟောင်းကို စစ်ဗျူဟာများ အသုံးပြုတိုက်ခိုက်လျက်ရှိပြီး တောင်ပိုင်းမှ အနောက်တောင်ပိုင်းဆီသို့ ချီတက်လာ နေကြောင်း ပူးတွဲစစ်ရေးညွှန်ကြားမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယတ်ယာရာဆူလ်က နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနသို့ ဖြေကြားခဲ့သည်။
အီရတ်အင်အားစုများသည် ရက်ပေါင်း ၁ဝဝ ကြာအောင် တိုက်ခိုက်ခဲ့ပြီး နောက် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မိုဆူးလ်အရှေ့ပိုင်းကို အရယူနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် တီကရစ်မြစ်အနောက်ဘက်တွင် တည်ရှိနေသည့် ဒေသ များကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။
မိုဆူးလ်အနောက်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေမှုများသည် ရာသီဥတုဆိုး ရွားမှုကြောင့် ပြီးခဲ့သည့် ၄၈ နာရီအကြာက ခေတ္တရပ်ဆိုင်းသွားခဲ့သည်။ ပြည်နယ် ကောင်စီနေရာများနှင့် အစိုးရဆိုင်ရာအဆောက်အအုံများအား ရယူနိုင်ခြင်းသည် အီရတ်အင်အားစုများအား မြို့ဟောင်းအနီးအနားရှိစစ်သွေးကြွများကို တိုက်ခိုက် ချေမှုန်းရာတွင် များစွာအထောက်အကူပြုစေခဲ့သည့်အပြင် မိုဆူးလ်အရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ရယူနိုင်ခြင်းပင်ဖြစ်သည်။မြို့ဟောင်းရှိ အဆောက်အအုံများသည် ပျက်စီးယိုယွင်းလျက်ရှိပြီး အိုင်အက်စ် အဖွဲ့က အသုံးပြုထားခြင်းမရှိဟုဆိုသည်။
(ရိုက်တာ)
No comments:
Post a Comment