
မြစ်ကြီးနား မတ် ၅
မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က မြစ်ကြီးနားမြို့ ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးဝင်းအတွင်း ဝန်ထမ်းအိမ်ရာ၌နေထိုင်သော ဒုတိယ ဦးစီးမှူး ဦးဘရန်ရှောင်(၄၅)နှစ်သည် ၄င်း၏ နေအိမ်လိုင်းခန်းနောက်၌ မိုးပျံပူဖောင်းပြုလုပ်ရန် ဂက်စ်အိုးစပ်နေစဉ် ယင်းဂက်စ်အိုးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၄င်း၏ခန္ဓာကိုယ်မှာ ပေ ၂ဝ အကွာတွင် လည်းကောင်း၊ ဦးခေါင်းမှာ နေအိမ်အနောက်ဘက်ရှိ အိမ်တစ်လုံး၏ ခေါင်မိုးပေါ်သို့လည်းကောင်း လွင့်စဉ်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment