Saturday, March 4, 2017

မြန်မာအမျိုးသမီးများ ရက်သတ္တပတ် သတင်းစာရှင်းလင်း

Image may contain: 3 people, people standing and text
ရန်ကုန် မတ် ၃
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကမ္ဘောဇအုပ်စုတို့ ပူးပေါင်း၍ ကျင်းပမည့် မြန်မာအမျိုးသမီးများရက်သတ္တပတ် (Women's Week-Myanmar) နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ကမ်းနားလမ်းရှိ Strand Square တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကုလသမဂ္ဂအမျိုးသမီးများ အဖွဲ့အစည်း၏ အကြီးအကဲ Dr.Jean Dcunha ၊ SMBC Bank (Yangon Branch ) General Manager Nobuyasu AKAGI နှင့် ကမ္ဘောဇ ဘဏ်လီမိတက် CSR Department မှ ဒေါ်ယုဝေမောင်တို့က မီဒီယာများ ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ Women's Week ရက် သတ္တပတ်တွင် ပညာပေးမှတ်တမ်း ရုပ်ရှင်အစီအစဉ်များ၊ ဆွေးနွေးဟော ပြောပွဲများ၊ အားကစား စွမ်းရည်ဆိုင်ရာ လှုပ်ရှားမှုများ၊ စာပေဆွေးနွေးပွဲများ စသည်ဖြင့် မတူညီသော အစီအစဉ်များစွာကို မတ် ၆ ရက်မှ မတ် ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ရက်သတ္တပတ်ကို မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းလုံးနှင့် မြန်မာနိုင်ငံ တွင်းရှိ မျက်မှောက်ခေတ်နှင့် အနာဂတ် အမျိုးသမီးထု စွမ်းအားမြှင့်တင်ရေး အတွက် နိုင်ငံတကာအထိမ်းအမှတ်၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ် ကြောင်းသိရသည်။ ထို့အပြင် မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းရှိ အမျိုးသမီး များ၏ တန်ဖိုးအား အမျိုးသား အမျိုးသမီးများအားလုံး အပြည့်အဝ နားလည်စေရန်နှင့် အစိုးရ ၊ အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းများ၏ ထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံချိတ် ဆက်နိုင်စေမည့် ရှားပါးသည့်အခွင့် အရေးများရရှိရန် အထောက်အပံ့လည်း ဖြစ်စေမည် ဖြစ်သည်။
မြန်မာအမျိုးသမီးရက်သတ္တပတ် (Women's Week - Myanmar) ကို အမျိုးသား အမျိုးသမီး တန်းတူ အခွင့်အရေးရရှိရေးနှင့် အမျိုးသမီး များအား စွမ်းဆောင်ရည် မြှင့်တင် ပေးရေးဟူသည့် ကုလသမဂ္ဂ၏ ရည်မှန်းချက် United Nation's Sustainable Development Goals # 5 အား ဦးတည်သည့် Women's Week ၏ Creating Inclusive Growth ( ပြည်သူအားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု) ဖွင့်ပွဲဖိုရမ်ဖြင့် နေပြည်တော်၌ မတ် ၆ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment