Thursday, March 30, 2017

အစ္စကိုအား စာချုပ်သစ်လက်မှတ်ရေးထိုးရန် ရီးယဲလ်မက်ဒရစ် ဖိအားပေး



Image may contain: 1 person, playing a sport
ရီးယဲလ်မက်ဒရစ်အသင်းက အစ္စကိုအား ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခွင့်ပြုရမည်ကို စိုးရိမ်သောကြောင့် စာချုပ်သစ်လက်မှတ်ရေးထိုးရန် အတင်းအကျပ် ဖိအားပေးနေကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။ အစ္စကို၏ လက်ရှိစာချုပ်မှာ လာမည့်ဇွန် ၃ဝ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် အကယ်၍ ရီးယဲလ်ကသာ အစ္စကို ထွက်ခွာဖြစ်လျှင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခွင့်ပြုရမည်ဖြစ်သည်။ ရီးယဲလ်က ၎င်းကို ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေး ပေါင်၂၆သန်း အသုံးပြုခဲ့ရသည့်အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပေးရမည့်အရေးကို ရီးယဲလ်တာဝန်ရှိသူများက မလိုလားဘဲ ရှိနေသည်။
အစ္စကိုမှာ နည်းပြ ဇီဒန်းလက်အောက်တွင် ပွဲထွက်ကစားချိန် ကန့်သတ်မှုရှိသဖြင့် အသင်းပြောင်းရွှေ့ရန် စဉ်းစားနေပြီး ရီးယဲလ်မက်ဒရစ် မဟာပြိုင်ဘက် ဘာစီလိုနာက အစ္စကို အား ခေါ်ယူလိုသည်ဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည့်အတွက် ရီးယဲလ်အတွက် ဖိအားပိုမိုကျရောက်သည့် အနေအထားပင်ဖြစ်သည်။ ရီးယဲလ်က အစ္စကိုအတွက် လုပ်ခ ပေါင်ငါးသန်းတန် ခြောက်နှစ်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းထားပြီး အစ္စကိုဘက်ကမူ ပေါင် ရှစ်သန်းခွဲအထိ ရရှိလိုသည်ဟု တောင်းဆိုထားကြောင်း သိရသည်။
ရီးယဲလ်သည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးရသည်ထက် ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရရှိနိုင်မည့်အရေးကြောင့် အစ္စကို တောင်းဆိုသော လစာနှုန်းထားကို လိုက်လျောရန် ရှိနေသည်။ အစ္စကိုကမူ ထွက်ပေါ်နေသည့် သတင်းများအားလုံးမှာ ကောလာဟလများသာ များနေသည့်အတွက် ချင့်ချိန်စဉ်စားသင့်ပြီး အသင်းပြောင်းရွှေ့ရန်ထက် လက်ရှိကလပ်အသင်းအတွက် ဘာကို အကောင်းဆုံးဆောင်ရွက်ပေးရမည်လည်းဆိုတာကို စဉ်းစားထားသင့်ကြောင်း တုံ့ပြန်ခဲ့သည်။
မေလဲ့သင်း - စုစည်းသည်

No comments:

Post a Comment