Thursday, March 30, 2017

အိုဇေးလ် ဘာလို့ စာချုပ်မချုပ်သေးသလဲဆိုတာ ဘောလက်ပြောပြီ



Image may contain: 1 person, shoes
ချယ်လ်ဆီးနှင့် ဂျာမနီအသင်းကွင်းလယ်လူဟောင်း မိုက်ကယ် ဘောလက်က အိုဇေးလ်အနေနဲ့ အာဆင်နယ်အသင်းစာချုပ်သစ်ကို လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တစ်ခုတည်းသော အကြောင်းတရားဟာ ဝင်းဂါး အာဆင်နယ်မှာ အနာဂတ်ဆက်ရှိ၊ မရှိဆိုသည်သာ မူတည်တယ်လို့ ပြောကြားလိုက်ပြန်ပါပြီ။ အိုဇေးလ်က အစောပိုင်းကတည်းက ဘောလက် ယခု ပြောကြားတဲ့အတိုင်း ဆိုခဲ့ပေမယ့် မီဒီယာတွေကတော့ အိုဇေးလ် တစ်ခုတည်း ကြည့်တဲ့အရာက လစာနှုန်းထားသာဖြစ်ပြီး လူကသာ အာဆင်နယ်မှာ၊ စိတ်က အသင်းဟောင်း ရီးယဲလ်ကို ရောက်နေတယ်လို့ ရေးသားနေကြတာ ဖြစ်ပါတယ်။
'' သူလို ကစားသမားကို ခေါ်ယူနိုင်တဲ့ ကလပ်အသင်းအများကြီးလည်း မရှိတာကြောင့် ဘာပဲ ဆုံးဖြတ်ပါစေ သူမှန်ကန်ပါလိမ့်မယ်။ သူနဲ့ ဝင်းဂါးကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြာင့် ဝင်းဂါး အနာဂတ်ကွဲကွဲပြားပြား သိရမှသာ သူလည်း ဆုံးဖြတ်နိုင်မှာပါ။ အနည်းငယ်တော့ စောင့်ဆိုင်းဖို့ လိုတာပေါ့'' လို့ ဘောလက်က စကိုင်းစပို့သို့ အိုဇေးလ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
အိုဇေးလ်ဟာ လက်ရှိအာဆင်နယ်အသင်းရဲ့ လစာအများဆုံးရရှိနေတဲ့ ကစားသမားဖြစ်ပြီးတစ်ပတ်လုပ်ခ ပေါင်၁၈ဝဝဝဝတန် အာဆင်နယ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်နေတာကြောင့် လာမယ့်နွေ အာဆင်နယ်က ထွက်ခွာမယ့် ကစားသမားအဖြစ် မီဒီယာတွေက ရေးသားနေတာဖြစ်ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်က ကျော်နိုင်ခြင်းမရှိတဲ့ အနေအထားအပေါ် စိတ်ပျက်နေသလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတွေ(ဥပမာ- ရီးယဲလ်-ဘာစီလိုနာပွဲစဉ်) ကို လွမ်းဆွတ်နေ တယ်လို့ စွပ်စွဲခံရတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါ့အပြင် ခုနောက်ပိုင်း ပွဲစဉ်တွေမှာ ကြံ့ခိုင်မှု အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဆင်နယ်အသင်းရဲ့ အချို့ပွဲစဉ်တွေကို ဝင်ရောက် မကစားတာလည်းရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခံနေရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
မေလဲ့သင်း - စုစည်းသည်

No comments:

Post a Comment