Thursday, March 30, 2017

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး



Image may contain: 1 person, standing, sitting and outdoor
ရန်ကုန် မတ် ၂၉
၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အသီးသီးဖြစ်သော လေးထောင့်ကန်၊ ရှမ်းတဲကြီး၊ ရွာသာကြီး၊ စစ်ပင်နှင့် သုံးခွကျေးရွာများရှိ မဲရုံ များ ပြင်ဆင်ထားရှိမှုအခြေအနေများကို မှန်ကန်မှုရှိစေရန်နှင့် မှားယွင်းမှုမရှိစေ ရန် ရည်ရွယ်၍ မတ် ၂၉ ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲပိုင်းထိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးဝင်း(MLA)

No comments:

Post a Comment