ကောင်းမြတ်သူ - စုစည်းသည်။
မန်စီးတီးအသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ဟွတ်ဒါဖီးအသင်းကို ပြတ်ပြတ် သားသား အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဆာနီ၊ အဂူရို၊ ဇာဘလတ်တာတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အက်ဖ်အေဖလား ပဉ္စမအဆင့် ပြန်ကန်ပွဲမှာ နိုင်ပွဲရဖို့ မျှော်လင့်ထားတဲ့ ချန်ပီယံရှစ်အသင်း ဟွတ်ဒါဖီးဟာ မှန်းချက်နဲ့ မကိုက်ဘဲ ဖြစ်ခဲ့ရပါတယ်။
မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် လာမယ့် မတ် ၁၁ ရက်မှာ မစ်ဒယ်ဘရော့ အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲ ကစားရတော့မှာဖြစ်ပါတယ်။
မန်စီးတီးတို့ဟာ ရလဒ်ကောင်းတွေ ပြန်လည်ရရှိလာတဲ့အတွက် ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးနည်းပြဖြစ်လာတဲ့ ဂွါဒီယိုလာအတွက် မျက်နှာပန်းလှစေခဲ့ပါတယ်။ မန်စီးတီး ဟာ ဒီနိုင်ပွဲရရှိတာကြောင့် ရာသီလေးခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေ ဖလား ကွာတားဖိုင်နယ်ကို တက်ခွင့်ရခဲ့ခြင်းလည်းဖြစ်ပါတယ်။
No comments:
Post a Comment