Thursday, March 30, 2017

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာများဆွေးနွေး

နေပြည်တော် မတ် ၂၉ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ဘဏ် (World Bank– WB)၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌMs.Victoria Kwakwa နှင့်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် စေမည့်ကိစ္စရပ်များအပါအဝင် လျှပ်စစ်ကဏ္ဍတွင် ပိုမိုကောင်းမွန် သည့် ဝန်ဆောင်မှုနှင့် ဦးစားပေးဆောင်ရွက်ပေးနိုင်ရေး၊ လမ်း တံတား ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးတွင် ခေတ်မီစိုက်ပျိုးနည်း စနစ်များဖြင့် ပြောင်းလဲစိုက်ပျိုးရေး၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍရပ်များတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment