Wednesday, March 1, 2017

မောင်တောမြို့နယ်အတွင်း နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်မှုဖြစ်ပွား

Image may contain: one or more people and outdoor



နေပြည်တော် ဖေဖော်ဝါရီ ၂၈
မောင်တောမြို့နယ် ဖားဝပ်ချောင်း (ရွာဟောင်း) နှင့် (၄) မိုင်ရပ်ကွက်တို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်မှု ဖြစ်ပွားကြောင်းသိရသည်။
မောင်တောမြို့နယ် ဖားဝပ်ချောင်း (ရွာဟောင်း) ကျေးရွာနေ အာန်တာ ဟူဆောင်း၏ နေအိမ်တွင် ယမန်နေ့ ညနေ ၃ နာရီက မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် နှစ်လုံး၊ ဈေးဆိုင် တစ်ဆိုင် ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ (၆) မိုင် စစ်ဆေးရေးစခန်းအနီးရှိ ထီးတစ်ရာဘုန်းကြီးကျောင်းတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကာ ပျဉ်ကာ၊ ပျဉ်ခင်း သွပ်မိုးကျောင်း တစ်ကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment