Wednesday, March 1, 2017

လတ်တလောနိုင်ငံရေးအကျည်းတန်မှုများရှိနေသော်လည်း အလားအလာကောင်းများရှိကြောင်း သမ္မတဟောင်း ဘုရှ်ပြောကြား

Image may contain: 1 person, on stage and standing
နိုင်ငံတကာ သတင်း
ဝါရှင်တန် ဖေဖော်ဝါရီ ၂၈

အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်သည် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့်လက်ထက်၌ ဝါရှင်တန်တွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေ များသည် အတော်လေးဆိုးရွားသည့် အခြေအနေတွင်ရှိကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံရေးဆိုင်ရာ ပြိုကွဲမှုများရှိနေသော် လည်း အမေရိကန်အနေဖြင့် ရုန်းထွက် နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း အကောင်းမြင်ရှုထောင့်ဖြင့် ပြောကြား ခဲ့သည်။
အသက် ၇ဝ ရှိပြီဖြစ်သည့် ဘုရှ်သည်၎င်းအနေဖြင့် လူမျိုးရေးခွဲခြားမှုများကို လုံးဝမနှစ်မြို့ကြောင်းနှင့် ပြည်သူများ သွေးကွဲခြင်း ဝေးကွာခြင်းကို လုံးဝရှုတ်ချ ကြောင်း၊ ထိုသို့သောအဖြစ်မျိုးကို မည်သူ မျှလည်း နှစ်သက်မည်ဟု မထင်မိကြောင်း သောကြာနေ့က People Magazine နှင့် အင်တာဗျူး အမေးအဖြေပြုလုပ် စဉ် ဖြေကြားခဲ့သည်။
တိုင်းရေးပြည်ရေးအခြေအနေများမည်မျှရှုပ်ထွေးနေသော်လည်း နိုင်ငံ၏ ရှေ့ဆက်ချီတက်နေသည့် ဦးတည်ရာ လမ်းကြောင်းနှင့် ပတ်သက်၍ ပူပန်စိုးရိမ် ကြောင့်ကြမှုကို စိုးစဉ်းမျှမခံစားရဟု ၄င်းက ဆိုသည်။ နိုင်ငံရေးဆိုင်ရာ အဆုံး သတ်ကာလအတွက် ကောင်းမွန်သော ရလဒ်များကိုသာ မျှော်လင့်ထားပြီး အခက်အခဲဒုက္ခများကို ကျော်လွှားနိုင် လိမ့် မည်သာဖြစ်ကြောင်း သမ္မတဟောင်း ဘုရှ်က ပြောကြားခဲ့သည်။ (ရိုက်တာ)

No comments:

Post a Comment