Monday, March 6, 2017

သိန္နီ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့ယာဉ်နှင့်အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ

No automatic alt text available.
သိန္နီ မတ် ၅
ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဝင်များသည် သတင်းအရ မတ် ၄ ရက် နံနက် ၁၁ နာရီမှစတင်ကာ ပြည်ထောင်စုလမ်းမကြီး မန္တလေး-မူဆယ်သွား ယာဉ်ကြီးယာဉ်ငယ်များအား တားဆီးစစ်ဆေးရှာဖွေခဲ့ရာ ယာဉ်အမှတ် DD/---- AD Van ယာဉ်ငယ်ပေါ်၌ အဝတ်အထည်များ၊ ယာဉ် အမှတ် 4J/---- ဂျူပီတာခရီးသည်တင်ယာဉ်ပေါ်၌ အေးခဲ အမဲသားများ၊ ယာဉ်အမှတ် 9E/----Mark II ယာဉ်ငယ်ပေါ်၌ အဝတ်အထည်နှင့်ဖုန်းများ၊ ယာဉ်အမှတ် DD/----- AD Van ယာဉ်ငယ်ပေါ်၌ အဝတ်အထည် များ၊ ယာဉ်အမှတ် 4I/----- Hiace ယာဉ်ငယ်ပေါ်တွင် ရေခဲသေတ္တာအသေး၊ မီးခံသေတ္တာ၊ ကားဘက်မှန်နှင့် အဝတ်အထည်များ၊ယာဉ်အမှတ် 5F/---- Mitsubishi Grandisလိုင်စင်မဲ့ယာဉ်ငယ်ပေါ်၌ ပိုးသတ်ဆေးများ နှင့်ဓာတ်မြေသြဇာများ၊ ယာဉ်အမှတ် 7J/---- Toyota Wish ယာဉ်ငယ်ပေါ်၌ အဝတ်အထည်နှင့်လူသုံးကုန် ပစ္စည်းများ၊ ယာဉ်အမှတ် 2J/---- Toyota Alphard ယာဉ်ငယ်ပေါ်၌ အဝတ်အထည်၊ ကွန်ပျူတာဆက်စပ်ပစ္စည်း များနှင့် ကလေးကစားစရာများ၊ ယာဉ်အမှတ် 5I/---- Toyota Wish(Taxi) လိုင်စင်မဲ့ယာဉ်ငယ်ပေါ်၌ ဂဲဝါ (ခေါ်)အင်ကြင်းကျောက်ဟုယူဆရသည့် ကျောက်များ၊ ယာဉ်အမှတ် EE/---- Toyota Crown (ရွှေပြည်အေး) ယာဉ်ငယ်ပေါ်တွင် အဝတ်အထည်များသိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့်အကောက်ခွန်မဲ့ပစ္စည်းများအား လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ တန်ဖိုး စိစစ်ခြင်းများဆောင်ရွက်ရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ချစ်လှ(ပြန်/ဆက်)

No comments:

Post a Comment