ထင်သာမြင်သာ ပြုပြင်စရာ
နေပြည်တော်ရှိ ရာဇသင်္ဂဟလမ်းမကြီးသည် နေပြည်တော်မှ
နေပြည်တော်(အေလာ)လေဆိပ်သို့သွားသော ရှစ်လမ်းသွားလမ်းမကြီး ဖြစ်သည်။ အဆိုပါ
လမ်းမကြီးကို ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်မှစ၍ သက်ဆိုင်ရာက
မော်တော်ယာဉ်နှင့် ဆိုင်ကယ်အန္တရာယ်မဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်
နေပြည်တော်ဟိုတယ်ဇုန်မှစပြီး လယ်ဝေးမြို့နယ်(အေလာ)လေဆိပ်အနီး လမ်းဆုံအထိ
လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီရှိ အတွင်းလမ်းကို ဆိုင်ကယ်များ
စီးနင်းမောင်းနှင်စေရန် ကန့်သတ်မှုပြုလုပ်ခဲ့သည်။
သို့သော်လည်း အဆိုပါအတွင်းလမ်းမှာ လွန်စွာ ကျဉ်းမြောင်းခြင်း၊ လမ်းဘေးဝဲယာ အနီးရှိ ကျေးရွာမှ ဒေသခံများ၏ ကျွဲ/နွား တိရ္ဆာန်များကို ရှောင်ကွင်းမောင်းနှင်ရခြင်းကြောင့် အန္တရာယ်နှင့် ကြုံတွေ့ရဖူးကြောင်း၊ ကွန်ကရစ်လမ်းကျဉ်းကျဉ်းတွင် လမ်းပြောင်းပြန်မောင်းနှင်သည့် ဆိုင်ကယ်များကြောင့်လည်း ယာဉ်တိုက်မှုအန္တရာယ် ဖြစ်နိုင်ကြောင်း၊ အဆိုပါကွန်ကရစ်လမ်းမှာ အနိမ့်အမြင့်များပြီး ညီညာမှုမရှိခြင်းအပြင် မိုးရာသီရောက်သောအခါ လမ်းဘေးရှိသစ်ပင်များမှ သစ်ကိုင်းများကလည်း လွတ်လွတ် ကင်းကင်းမရှိခြင်းကြောင့် စီးနင်းမောင်းနှင်ရသည့်အခါ အခက်အခဲများနှင့် ကြုံတွေ့နေ ရကြောင်း ဆိုင်ကယ်မောင်းနှင်သူများပြောပြချက်အရ သိရသည်။
''အခုလို ဆိုင်ကယ်သီးသန့်မောင်းနှင်စေခြင်းဟာ အင်မတန်ရည်ရွယ်ချက် ကောင်းပါတယ်။ ဒါပေမယ့် အထက်က ပြောခဲ့တဲ့အချက်တွေသာ အဆင်ပြေသွားမှ ပိုပြီးကောင်းမွန်သွားမှာပါ'' ဟု လယ်ဝေးမြို့နယ် သာဝတ္ထိမြို့မှ ကိုဇော်ကြီးက ပြော သည်။
ကိုပေါက်(ဥက္ကာမြေ)

No comments:
Post a Comment