
မန်စီးတီးအသင်းသည် အက်ဖ်အေဖလားပဉ္စမအဆင့် ပြန်ကန်ပွဲစဉ်အဖြစ် ဟက်ဒါဖီးလ်ဒ်အသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီဖြစ်သည်။ မန်စီးတီးအသင်းသည် ဟက်ဒါဖီးလ်ဒ်အသင်းနှင့် ပထမအကြိမ်ကစားခဲ့ရာတွင် ဂိုးမရှိသရေရလဒ်သာထွက်ပေါ်ခဲ့ခြင်းကြောင့် ပြန်ကန်ပွဲကစားခဲ့ရခြင်းဖြစ်သည်။
ယခုယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလားပဉ္စမအဆင့် ပြန်ကန်ပွဲစဉ်တွင် မန်စီးတီး အသင်းသည် ဟက်ဒါဖီးလ်ဒ်အသင်းကို ဆာနေး၊ အဂူရို၊ ဇာဘလက်တာ၊ အီဟီယာနာချိုတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဟက်ဒါဖီးလ်ဒ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ဘန်းက ပြန်လည်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်သို့ လေးနှစ်တာကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် မတ် ၁၁ ရက်တွင် မစ်ဒယ်ဘရော့အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် မန်စီးတီးအသင်းနှင့် တစ်ရက်တည်းကစားရ မည့်ပွဲစဉ်မှာ အာဆင်နယ်အသင်းနှင့် လင်းကွန်းအသင်းပွဲစဉ်ဖြစ်ပြီး စပါးအသင်းနှင့် မီဝေါလ် ပွဲစဉ်ကို မတ် ၁၂ ရက်တွင်လည်းကောင်း၊ ချယ်လ်ဆီးအသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်ကို မတ် ၁၃ ရက်တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
ငွေကြယ်
No comments:
Post a Comment