Friday, March 31, 2017

အကျဉ်းထောင်စည်းကမ်းများကို မကျေနပ်၍ ဆူပူမှုဖြစ်ပွား၊ လေးဦးသေဆုံး

Image may contain: one or more people and outdoor

မက္ကဆီကိုစီးတီး မတ် ၃ဝ 

မက္ကဆီကိုနိုင်ငံ နျူဗိုလီယွန်ပြည်နယ်ရှိ ကာတာရေဒါအကျဉ်းထောင်၌ ထောင် တွင်း ဆူပူမှုများဖြစ်ပွားခဲ့သောကြောင့် ယခုအချိန်ထိ သေဆုံးသူလေးဦးအထိ မြင့်တက်လာပြီး အခြား ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်နယ်အစိုးရမှ ယမန် နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အကျဉ်းထောင် လုံခြုံရေးဆိုင်ရာ တားမြစ်ချက်သစ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ကြောင်း သိရပြီး ယင်းအသစ်ထုတ်ပြန်လိုက်သော လုံခြုံရေးဆိုင်ရာ တားမြစ်ချက်များကို မကျေနပ်သောကြောင့် အကျဉ်းသား ၆ဝဝ ခန့်က အဆောက်အအုံများကို မီးရှို့ရာမှ ထောင်တွင်းဆူပူမှု တဖြည်ဖြည်း အရှိန်မြင့်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အကျဉ်းသား ၅၆ ဦးသည် အကျဉ်း ထောင်အဆောက်အအုံကို မီးရှို့ကာ ဆေးပေးခန်းအား ဝင်ရောက်လုယက် မှုပြုလုပ်ခဲ့ကြောင်း ပြည်နယ်ရှေ့နေချုပ် က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။
ဖရိုဖရဲဖြစ်နေသော အကျဉ်းထောင် တွင်းသို့ အရေးပေါ်ဝန်ထမ်းများ ဝင် ရောက်လာပြီး အကျဉ်းသား ၂၁ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ကနဦးသတင်းဖော်ပြချက်များအရ အကျဉ်းထောင်ဆူပူမှုတွင် နှစ်ဦးသေဆုံး ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မက္ကဆီ ကိုနိုင်ငံ လုံခြုံရေးဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူ အယ်လ်ဒို ဖက်စ်ဆီက ပြောခဲ့ သည်။
နောက်ဆုံးရ သတင်းများအရ သေဆုံးသူများမှာ လေးဦးထိ မြင့်တက် လာကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment