Thursday, March 30, 2017

မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: shoes

နေပြည်တော် မတ် ၂၉

မောင်တောမြို့နယ်အတွင်း၌ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့် ဆောင်ရွက်စဉ် မတ် ၂၇ ရက် ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် ပန်းတောပြင်ရဲကင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာတာဝန်ရှိသူများနှင့် နယ်မြေလုံခြုံရေးအတွက် မတ် ၂၇ ရက် ည ၁၁ နာရီ ခန့်က ကင်းလှည့်စဉ် ပန်းတောပြင်အနောက်ရွာနှင့် ခေါင်းတကာကျေးရွာကြား ပဒင်းချောင်းအနီး၌ လူ နှစ်ဦးက ဆွဲခြင်း တစ်ခုကို ချထားပြီး ထွက်ပြေးသွား ခဲ့သည်။
အဆိုပါ ဆွဲခြင်းကို စစ်ဆေးရာWY နှင့် R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၄ဝဝ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်လာသူ နှစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment