Wednesday, March 29, 2017

ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ


နေပြည်တော် မတ် ၂၈

တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်က စတင်ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီး မတ် ၂၇ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် အစီး ၆၅ဝ၊ သွင်းကုန် ၇၇၃ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၅ စီး၊ သွင်းကုန် အစီး ၁၉ဝ ကုန်စည် များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ မတ် ၂၇ ရက် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ခြောက်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁ သန်းခန့်နှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ဝ၅ ဒသမ ၉၅၅ သန်းခန့် စုစုပေါင်း ၁ဝ မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၆ ဒသမ ၉၅၅ သန်းခန့် ဖမ်းဆီးရမိကြောင်း သိရသည်။
အလားတူ ထူးခြားဖမ်းဆီးမှုအနေဖြင့် မတ် ၂၆ ရက်က မန္တလေးမှ မူဆယ်သို့ သွားရောက်မည့်Mark-II အမျိုးအစား လိုင်စင်မဲ့ယာဉ်အား သတင်းအရ (၁၆)မိုင် ကျောက်ချော ပူးပေါင်းစစ်ဆေးရေးစခန်း တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ ယာဉ်နောက်ဖုံးအတွင်း ပီနံအိတ်ခွံဖြင့် ထုပ်ထား သည့် M-22 အမျိုးအစား (၄ဝ)မမ လောင်ချာတွဲလျက် တစ်လက်၊ ကျည် အတောင့် ၃ဝ ဆံ့ ကျည်ကတ်အခွံတစ်ခုနှင့် လက်ကိုင်ဖုန်းခြောက်လုံးအား တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment