Monday, March 6, 2017

နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



Image may contain: 2 people, crowd, outdoor and food
မောင်တော မတ် ၅
မောင်တောမြို့နယ် ရွှေဗဟိုစံပြကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မောင်တောခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများအဖြစ် စာစောင်နှင့် ဓာတ်ပုံများပြခြင်း၊ စာပေနှင့် စာကြည့်တိုက်တန်ဖိုးအကြောင်း ဟောပြောခြင်း၊ စာကြည့်တိုက်ထူထောင်ရန် စာအုပ်စာစောင်များလှူဒါန်းခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကလေးငယ်များအား အာဟာရကျွေးမွေးခြင်း၊ အသိပညာဗဟုသုတ၊ ဉာဏ်စွမ်းရည် ဖွံ့ဖြိုးပျော်ရွှင်စေရန် ဗီဒီယိုခွေနှင့် သီချင်းခွေများ၊ ရောင်စုံ စက္ကူခေါက်အရုပ်များ၊ ရောင်စုံလေပူပေါင်းများ လက်ဆောင်ပေးခြင်းနှင့် ပုံပြင်ပြောခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ပညာပေးဟောပြောရာသို့ ရွှေဗဟိုစံပြကျေးရွာမှ ရခိုင်၊ မြိုနှင့် ဒိုင်းနက် ရွာသူ ရွာသား ၂၅ဝ ခန့် လာရောက်လေ့လာခဲ့ကြသည်။
အေးမြ(မန္တလေး)၊ အေးမင်းသူ

No comments:

Post a Comment