Friday, March 31, 2017

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်

Image may contain: 1 person, sitting and text


နေပြည်တော် မတ် ၃ဝ

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက် နိုင်ရေးနှင့် မိုးကြိုနှင့် မိုးရာသီကာလ များတွင် ဖြစ်ပေါ်နိုင်သည့် သဘာဝ ဘေးများအတွက် ကြိုတင်ပြင်ဆင်မှု များဆောင်ရွက်ရန် ယခုကဲ့သို့ အစည်း အဝေး ကျင်းပရခြင်းဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ယနေ့နံနက် ၉ နာရီခွဲတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပ သည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်း အဝေး (၁/၂ဝ၁၇)တွင် ဒုတိယသမ္မတ က ထိုသို့ပြောကြားခြင်း ဖြစ်သည်။
ဆက်လက်၍ ‘ဒုတိယသမ္မတက သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသည့် အတွေ့အကြုံများအရ သဘာဝဘေး များကို ဖြေရှင်းဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုလျင်မြန်လာပြီး တိုးမြှင့် ထောက်ပံ့မှုများကိုလည်း ပိုမိုမြန်ဆန် စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ တွင် တိကျသည့် အချက်အလက်များ အချိန်မီမရရှိခြင်းကြောင့် အခက်အခဲ အချို့ရှိခဲ့သည်ကို သုံးသပ်တွေ့ရှိရပါ ကြောင်း၊ ဘေးအ္တရာယ်နှင့် ပတ်သက် ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း အစီအမံများကို ကြိုတင်စဉ်းစားချမှတ် ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး၊ ရှာဖွေကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် တာဝန်ရှိသူများအနေဖြင့် အသိပညာပေးမှုများနှင့် ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ထောက်ပံ့မှုများအလေအလွင့်မရှိစေရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် တိကျသေချာမြန်ဆန် သည့် ထောက်ပံ့မှုနည်းလမ်းများကို စီမံပြင်ဆင်ထားရန် လိုအပ်မည်ဖြစ် ကြောင်း၊ ထို့အတူ သဘာဝဘေးအတွက် မည်သို့ ပြင်ဆင်ထားသည်ကိုလည်း ဆန်းစစ်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့အပြင် အရေးပေါ် အစားအစာ ရိက္ခာ၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းသုံးစက်ကိရိယာ များ၊ အဆောက်အအုံ ပြုပြင်တည် ဆောက်ရေးလုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ ပြုပြင်တည် ဆောက်မှုများ၊ ကမ်းပြိုကမ်းထိန်း လုပ်ငန်းများ စသည့်သဘာဝဘေး လျော့ပါးရေးဆိုင်ရာလုပ်ငန်း အစီအမံ များတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ စာရင်းမှ ငွေကျပ် ၉ ဒသမ ၈ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂ ‘ဒသမ ၇၄ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုကော်မတီနှင့် လုပ်ငန်းကော်မတီများ တွင် တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် တာဝန်ယူထားရသည့် လုပ်ငန်းကဏ္ဍ များ ပိုမိုထိရောက်စွာဆောင်ရွက်ပေးရန်၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ငွေကြေးသုံးစွဲမှုများတွင် အထောက် အထားများအပါအဝင် လုပ်ငန်းအဆင့် ဆင့်ကို မှတ်တမ်းဓာတ်ပုံများဖြင့် ဘဏ္ဍာ ရေးစည်းမျဉ်း၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စနစ်တကျ ကြီးကြပ်စီမံ ခန့်ခွဲကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရှာဖွေကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေ အနေများနှင့် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းဆိုင်ရာ အခြေ အနေများ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး၊ ကယ်ဆယ်ထောက်ပံ့ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော် တင့်ဆွေ၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးနိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဒေါက်တာ ထွန်းနိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီး ချုပ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းဆွေးနွေး တင်ပြ ချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment