Friday, March 31, 2017

အကျပ်အတည်း၊ ပဋိပက္ခအခြေအနေများတွင် မီဒီယာနှင့်ဆက်ဆံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Image may contain: 20 people, people smiling, people standing and wedding


နေပြည်တော် မတ် ၃ဝ

အကျပ်အတည်း၊ ပဋိပက္ခအခြေအနေများတွင် မီဒီယာနှင့် ဆက်ဆံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင်ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံ သုံးခြင်းမရှိဘဲ အကြမ်းဖက်သူများကို ဥပဒေနှင့်အညီ တုံ့ပြန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုသည်မှာ မိမိတို့ အစိုးရအဖွဲ့၏ မူဝါဒမဟုတ်သည့် အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုကို လုပ်ဆောင်ခဲ့ခြင်း မရှိပါကြောင်း၊ လူ့အခွင့် အရေးဆိုင်ရာ ချိုးဖောက်မှုဟူသော စွပ်စွဲချက်နှင့်စပ်လျဉ်း၍ အထောက်အထား ခိုင်လုံပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လတ်တလောတွင် အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ¶ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အခြေခံအဆောက်အအုံများ ¶ဖြိုးတိုးတက်ရန် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အချိန်အခါတွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသည့်အတွက် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းရာတွင် များစွာအထောက်အကူ ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
Asia - Pacific Center for Security Studies မှ ဒါရိုက်တာ ဗိုလ်ချုပ် ဂျိမ်းစ်ဟက်ဆဲလ်က မြန်မာနိုင်ငံ၏ သမိုင်းဝင် တည်ငြိမ်အေးချမ်းစွာ နိုင်ငံရေး အသွင်ကူးပြောင်းဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှုကို အသိအမှတ်ပြုပါကြောင်း၊ အလားတူ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ များကို စနစ်တကျ ကျင်းပနိုင်ခဲ့သည်ကိုလည်း ဂုဏ်ပြုပါကြောင်း။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးဆွေးနွေးမှု များ ဆက်လက်ကျင်းပနိုင်ခဲ့သော်လည်း နိုင်ငံအတွင်း ရင်ဆိုင်နေရသည့် ရှုပ်ထွေး သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ကြောင့် အစိုးရနှင့် ပြည်သူများအနေဖြင့် လုပ်ဆောင်ရန် များစွာကျန်ရှိနေပါကြောင်း၊
ထို့အပြင် လူမှုမီဒီယာများ၌ အမုန်းစကားနှင့် သတင်းအမှားများကို ဖြန့်ချိမှုသည် အဓိက နေရာဖြစ်လာပြီး ယင်းပြဿနာကိုလည်း ရင်ဆိုင်ဖြေရှင်းနေရသည်ကို တွေ့ရှိ ရပါကြောင်း၊ အကြီးမားဆုံးသော စိန်ခေါ်မှုများအနက် လူမျိုးပေါင်း ၁၃ဝ ကျော်နှင့် ရင်ဆိုင်ဖြေရှင်းနေရသည့် အချက်များလည်း ပါဝင်လျက်ရှိပါကြောင်း၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်မရေးထိုးခြင်းသည် အများစု၏ သဘောတူညီချက်ဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆန့်ကျင်နေကြ ပါကြောင်း။
ရခိုင်ပြည်နယ်၏ လူမျိုးရေး ပဋိပက္ခကြောင့် မြန်မာနိုင်ငံအတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှုဆိုင်ရာ စိန်ခေါ်မှုအခြေအနေများသည် ပြည်ပရင်းနှီးမြှုပ်နှံသူများ အကြားတွင် ပျံ့နှံ့လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ မြန်မာ နိုင်ငံသို့ လာရောက်ရန် တုံ့ဆိုင်းနေပါကြောင်း၊ အခြားသောနိုင်ငံများနည်းတူ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာတစ်ခုမှာ လွတ်လပ်စွာ ပြောဆိုရေးသား ခွင့်ကို အကောင်အထည်ဖော်နေစဉ် ရှုပ်ထွေးမှုများ ရှိနေသေးသည်ကို တွေ့မြင် ရပါကြောင်း ပြောကြားသည်။
ထို့နောက် Asia - Pacific Center for Security Studies မှ တာဝန် ရှိသူများက အကျပ်အတည်းနှင့် ပဋိပက္ခများတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ပြည်သူများထံသို့ သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးတို့ကို ဆွေးနွေး ပြောကြားကြရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကြသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီ အခြေစိုက် Daniel K. Inouye Asia - Pacific Center for Security Studies က ဦးဆောင်ကျင်းပခဲ့ပြီး ဌာနဆိုင်ရာသတင်းနှင့် ပြန်ကြားရေးကဏ္ဍများတွင် ပါဝင် ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို မတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးတို့လည်း တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သာစိန်၊ မီမီဖြိုး (သတင်းစဉ်)

No comments:

Post a Comment