Thursday, March 2, 2017

အီလီနွိုက်ပြည်နယ်တွင် လေဆင်နှာမောင်းများတိုက်ခတ်၊ လူတစ်ဦးသေဆုံး

Image may contain: sky, ocean, cloud, mountain, nature, outdoor and water
နိုင်ငံတကာသတင်း
ဝါရှင်တန် မတ် ၁

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် မြောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း တစ်ခွင်တွင် ယမန်နေ့က လေဆင်နှာမောင်း လေးကြိမ်ထက်မနည်း တိုက်ခတ်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်ပွားကာ ပျက်စီးမှု များစွာရှိခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
လေဆင်နှာမောင်းများသည် ဒေသစံတော်ချိန် ညနေ ၄ နာရီနောက်ပိုင်းတွင် စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနမှ သိရသည်။
ဓာတ်ငွေ့များ စိမ့်ထွက်လျက်ရှိ
လေဆင်နှာမောင်းတိုက်ခတ်ချိန်တွင် အပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ ပြတင်းပေါက်များပျက်စီးခြင်း၊ လျှပ်စစ်မီးများပြတ်တောက်ခြင်းနှင့် ဓာတ်ငွေ့များ စိမ့်ထွက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း အီလီနွိုက်ပြည်နယ် မြောက်အလယ်ပိုင်း အော့တဝါ ဒေသခံများက သတင်းပေးပို့ခဲ့သည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အော့တဝါပြည်နယ်တွင် လူတစ်ဦးသေဆုံး ခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားသည်။
အီလီနွိုက်ပြည်နယ်တွင်ကျရောက်ခဲ့သည့် မိုးသီးများမှာ အရွယ်အားဖြင့် တစ်လက်မခန့်ရှိကြောင်း မိုးလေဝသဌာနက ပြောခဲ့သည်။
(ဆင်ဟွာ)

No comments:

Post a Comment