Friday, March 31, 2017

ငွေကျပ် ၅ဝဝ တန်နှင့် ငွေကျပ် ၂ဝဝ တန်ထီ ဧပြီ ၁ ရက်ဖွင့်မည်


ရန်ကုန် မတ် ၃ဝ

(၁)ကြိမ်မြောက် ငွေကျပ် ၅ဝဝ တန်နှင့် (၃၃၉)ကြိမ်မြောက် ငွေကျပ် ၂ဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို အောင်ဘာလေသိန်းဆု ဌာနခွဲတည်ရှိရာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့် အမှတ်(၃၈၄)ရှိ ထီဖွင့်ပွဲ ခန်းမဆောင်၌ ဧပြီ ၁ ရက် နံနက် ၈ နာရီမှစတင်၍ တစ်ရက်တည်းဖြင့် အပြီးဖွင့်လှစ် မည်ဖြစ်သည်။
ငွေကျပ် ၅ဝဝ တန် ထီဖွင့်ပွဲတွင် ဆုကြီးတစ်ဆုချင်းစနစ်အရ ငွေကျပ်သိန်း ၁ဝဝဝဝ တစ်ဆု၊ ငွေကျပ်သိန်း ၅ဝဝဝ တစ်ဆု၊ ငွေကျပ်သိန်း ၁ဝဝဝ တစ်ဆု၊ ငွေကျပ်သိန်း ၁ဝဝ (၃၇)ဆု၊ ငွေကျပ်သိန်း ၅ဝ (၃၉)ဆု၊ ငွေကျပ် ၁ဝ သိန်း (၄၁)ဆု၊ ဝေဝေဆာဆာပဒေသာ ဆုမဲစနစ်များမှ အက္ခရာနှင့် ရှေ့ဂဏန်း ၅ လုံးတူ ၁ဝ ယူနစ်အတွက် ငွေကျပ် သုံးသိန်း (၁ဝဝ)ဆု၊ အက္ခရာနှင့် ရှေ့ဂဏန်း ၄ လုံးတူ (၁ဝ)ယူနစ်အတွက် ငွေကျပ် နှစ်သိန်း (၁ဝဝဝ)ဆု၊ အက္ခရာနှင့် ရှေ့ဂဏန်း ၃ လုံးတူ (၂၉)ယူနစ်အတွက် ငွေကျပ် တစ်သိန်း (၂၉ဝဝဝ)ဆု၊ အက္ခရာနှင့် ရှေ့ဂဏန်း ၂ လုံးတူ (၇)ယူနစ်အတွက် ငွေကျပ် ၅ သောင်း (၇ဝဝဝဝ)ဆု အပါအဝင် ဆုမဲပေါင်း ၁ဝဝ၂၂ဝ ဆု ခွဲဝေပေးမည်ဖြစ်သည်။
ငွေကျပ် ၂ဝဝ တန် ထီဖွင့်ပွဲကို ယင်းနေ့တွင်ပင် အဆိုပါ ထီဖွင့်ပွဲခန်းမဆောင်၌ ဖွင့်လှစ်မည်ဖြစ်ရာ ဆုကြီးတစ်ဆုချင်းစနစ်အရ ငွေကျပ်သိန်း ၁၅ဝဝ တစ်ဆု၊ ငွေကျပ် သိန်း ၁ဝဝ တစ်ဆု၊ ငွေကျပ်သိန်း ၅ဝ တစ်ဆု၊ ငွေကျပ် ၂၅ သိန်း တစ်ဆု၊ ငွေကျပ် ၁ဝ သိန်း တစ်ဆု၊ ဝေဝေဆာဆာပဒေသာ ဆုမဲစနစ်များမှ အက္ခရာနှင့် ရှေ့ဂဏန်း ၅ လုံးတူ ၂ ယူနစ်အတွက် ငွေကျပ် သုံးသိန်း (၂ဝ)ဆု၊ အက္ခရာနှင့် ရှေ့ဂဏန်း ၄ လုံးတူ တစ်ယူနစ် အတွက် ငွေကျပ် နှစ်သိန်း (၁ဝဝ)ဆု၊ အက္ခရာနှင့် ရှေ့ဂဏန်း ၃ လုံးတူ တစ်ယူနစ် အတွက် ငွေကျပ် တစ်သိန်း (၁ဝဝဝ)ဆု အပါအဝင် ဆုမဲပေါင်း ၁၁၂၅ ဆု ခွဲဝေပေးမည် ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment