Wednesday, March 1, 2017

ဆိုမာလီပြည်သူများအတွက် ကျန်းမာရေးအကူအညီပေးရန် ကန်ဒေါ်လာ ၁ဝ သန်းလိုအပ်လျက်ရှိ

Image may contain: one or more people and outdoor
နိုင်ငံတကာ သတင်း
ဂျီနီဗာ ဖေဖော်ဝါရီ ၂၈ 

ဆိုမာလီနိုင်ငံရှိ ပြည်သူ ၁ ဒသမ ၅ သန်း အတွက် လတ်တလောတွင် မိုးခေါင် ရေရှားအခြေအနေနှင့် စားနပ်ရိက္ခာ အခက်အခဲများကြောင့် ကျန်းမာရေး ဆိုးရွားနေမှုများကို ဖြေရှင်းပေးနိုင်ရန် အတွက် အမေရိကန်ဒေါ်လာ ၁ဝ သန်း လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)က မကြာ သေးမီက ပြောကြားလိုက်သည်။
ယင်းငွေပမာဏသည် ရောဂါဘယ ဖြစ်ပွားနေသည့်ဒေသများတွင် ကျန်းမာ ရေးစောင့်ရှောက်မှုပေးရန် ကုလသမဂ္ဂ အေဂျင်စီအနေဖြင့် ၂ဝ၁၇ ပထမ ခြောက်လအတွက် အသုံးပြုသွားရန် တောင်းခံခြင်းဖြစ်ကြောင်း ဒဗလျူ အိတ်ခ်ျအိုက ပြောခဲ့သည်။
ဆိုမာလီယာနိုင်ငံ၌ လက်ရှိတွင် မိုးခေါင်ရေရှားမှု၊ ပတ်ဝန်းကျင် အနံ့ အသက် ဆိုးရွားမှု၊ ကျန်းမာရေးအခြေ အနေ နိမ့်ကျလာမှုများကြောင့် စိုးရိမ်ဖွယ် အနေအထားရောက်ရှိနေပြီဖြစ်ကြောင်း မြေထဲပင်လယ် အရှေ့ပိုင်းဒေသဆိုင်ရာ ဒဗလျူအိတ်ခ်ျအို ညွှန်ကြားရေးမှူး မာမော့်ဒ်ဖစ်ကီရီက မိုဂါဒစ်ရှူးတွင် ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဆိုမာလီယာနိုင်ငံတွင် လူသားချင်း စာနာမှုအကူအညီပေးရေး အခြေအနေ မှာ ဆက်လက်ဆိုးရွားလာနေပြီး ပြီးခဲ့ သည့် ၂၅ နှစ်တာကာလအတွင်း အစာရေ စာ ငတ်မွတ်မှုအခြေအနေသည် တတိယ အမြင့်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
ဆိုမာလီယာနိုင်ငံသား ထက်ဝက် ပမာဏဖြစ်သည့် ပြည်သူ ၆ ဒသမ ၂ သန်း ကျော်သည် လူသားချင်းစာနာမှုအကူ အညီများကို ချက်ချင်းလိုအပ်နေပြီး ၄င်း တို့ထဲမှ သုံးသန်းခန့်သည် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီဖြစ် သည်။ ပြည်သူ ၅ ဒသမ ၅ သန်းခန့်သည် ရေကြောင့်ဖြစ်တတ်သော ရောဂါများ ခံစားနေရကြောင်း၊ ¤င်းတို့အနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များ ဖြစ်ကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment