Friday, March 3, 2017

ကြားဖြတ်ဟန့်တားရေးဒုံးကျည် အောင်မြင်စွာပစ်ခတ်စမ်းသပ်နိုင်မှု ကာကွယ်ရေးသိပံ္ပပညာရှင်များကို ဝန်ကြီးချုပ်မိုဒီ ချီးကျူး



Image may contain: 1 person, sky and outdoor
နယူးဒေလီ မတ် ၂

ကြားဖြတ်ဟန့်တားရေးဒုံးကျည်တစ်လုံးကို အောင်မြင်စွာ ပစ်ခတ်စမ်းသပ်နိုင်ခြင်းအတွက် ကာကွယ်ရေးဆိုင်ရာ သိပ္ပံပညာရှင်များကို ဝန်ကြီးချုပ်နရိန္ဒြာမိုဒီက ချီးကျူးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂ ရက် တွင် သတင်းထုတ်ပြန်သည်။
ကာကွယ်ရေးလုပ်ငန်းအတွက် ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ်ကို အောင်မြင်စွာ ပစ်ခတ်စမ်းသပ်နိုင်ခြင်းမှာ တစ်နိုင်ငံလုံးအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက ၎င်း၏ အင်တာနက်တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားသည်။
ကြားဖြတ်ဟန့်တားရေးပဲ့ထိန်းဒုံးကျည် စွမ်းပကားရှိသည့် လက်ရွေးစင်ငါးနိုင်ငံ ပါဝင်သောအုပ်စုတွင် အိန္ဒိယနိုင်ငံ ပါဝင်နိုင်ပြီဖြစ်ကြောင်း မိုဒီက ပြောကြားသည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းတွင် တည်ဆောက်ခဲ့သော ဆူပါဆိုးနစ် ဒုံးခွင်းဒုံးကို မတ် ၁ ရက်က ပစ်ခတ်စမ်းသပ်ခဲ့သည်။ အဆိုပါ ဒုံးကျည်သည် နိုင်ငံ၏ ပိုင်နက် ဝေဟင်အတွင်းသို့ အနိမ့်ပိုင်းအမြင့်မှ ဝင်ရောက်လာသော မည်သည့်ဒုံးကျည်ကိုမဆို ကြားဖြတ်ဟန့်တားကာ ဖျက်ချနိုင်စွမ်းရှိသည်ဆို၏။
ပီတီအိုင်။

No comments:

Post a Comment