Friday, March 31, 2017

ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့များ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လွတ်လပ်စွာသတင်းရယူ

Image may contain: 23 people, people standing, crowd, wedding and outdoor

မောင်တော မတ် ၃ဝ

ရခိုင်ပြည်နယ် မောင်တောဒေသ၌ သတင်းရယူလျက်ရှိသည့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့ တွင် မောင်တောမြို့နယ်အတွင်းရှိ ဖြစ်စဉ် ဖြစ်ပွားခဲ့မှု နှင့် ပတ်သက်သည့် ကျေးရွာ များသို့ မြေပြင်ကွင်းဆင်းသတင်းရယူ ကြသည်။
ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့သည် မောင်တောမြို့နယ်အတွင်းရှိ ကျီးကန်းပြင်၊ ဝပိတ်၊ အောင်မင်္ဂလာ၊ ဖားဝပ်ချောင်း၊ ပွင့်ဖြူချောင်း၊ ကျား ခေါင်းတောင်၊ ကြက်ရိုးပြင်၊ ငါးစာကြူး၊ ပြောင်ပိုက်ကျေးရွာများနှင့် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ရုံးသို့ သွား ရောက်ကြပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နေရပ်မှခေတ္တ တိမ်းရှောင်သွားရာမှ ကျေးရွာအသီးသီး သို့ ပြန်လည်ရောက်ရှိလာမှုအခြေအနေ၊ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုနှင့် ပြန်လည်နေရာချထားရေးအတွက် စီမံ ဆောင်ရွက်နေမှုအခြေအနေ၊ နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှု အခြေအနေ၊ နယ်မြေဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေး ဆောင်ရွက်မှု အခြေအနေများကို လွတ်လပ်စွာ သတင်းရယူကြသည်။
ထိုသို့ သတင်းရယူစဉ် ကျားခေါင်း တောင် ကျေးရွာရှိ ဒေသခံအမျိုးသမီး သုံးဦးမှ လွန်ခဲ့သောသုံးလခန့်က လုံခြုံ ရေးတပ်ဖွဲ့ဝင်အချို့၏ အဓမ္မပြုကျင့် ကြောင်း စွပ်စွဲပြောကြားမှုများရှိခဲ့ရာ ယင်းကိစ္စရပ်အပေါ် တာဝန်ရှိသူများက ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment