
ရန်ကုန် မတ် ၃
လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်း ကျင်ရေးရာဆိုင်ရာ ဓာတ်ပုံဇာတ်လမ်းများ ရိုက်ကူးယှဉ်ပြိုင်မှုများ၏ အကောင်းဆုံး ရွေးချယ်ခံရသည့် ဓာတ်ပုံဇာတ်လမ်းများကို မတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ပထမဆုံးအကြိမ် စတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်ဓာတ်ပုံပွဲတော်တွင် မြန်မာနိုင်ငံရှိ ထူးခြားလှသည့် မတူကွဲပြားသော တိုင်းရင်းသား လူမျိုးများအကြောင်း ပြောင်မြောက်စွာ ဖော်ကျူးထားသော James Henry Green ၏ ''နယ်စွန်နယ်ဖျား ဓာတ်ပုံများ (၁၉၁၈-၁၉၃၅)''၊ ၁၉၇၉ ခုနှစ်အတွင်း ဘဲလေးဓာတ်ပုံ၊ စတူဒီယို၌ ရိုက်ကူးခဲ့သည့် ဖက်ရှင် ဓာတ်ပုံများနှင့် Gunter Pfann-muller နှင့် Wilhelm Klein တို့ ၁၉၉ဝ ပြည့်လွန်နှစ်များက မြန်မာပြည်အနှံ့ ရိုက်ကူးခဲ့သည့် ''ဂုဏ် သိက္ခာကို ရှာဖွေခြင်း'' အမည်ရှိ ဓာတ်ပုံကောင်းများကို ပြပွဲသုံးရပ်ဖြင့် ပြသသွားမည်ဟု သိရသည်။
(၉)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံ ပွဲတော်တွင် World Press Photo ဓာတ်ပုံပြပွဲနှင့် နာမည်ကျော်ဓာတ်ပုံ ဆရာများဖြစ်သည့် Steve McCurry၊ Hans Silvester တို့၏ ရှေးဟောင်း အောက်မေ့ဖွယ် တင်ဆက်ပြသမှုတို့ ကိုပါ မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ် သွားမည်ဟု သိရသည်။
မတ် ၄ ရက်သည် ''တို့ရန်ကုန် တို့အိမ်ရာ အနုပညာ ယဉ်ကျေးမှုပွဲ တော်''၏ အနုပညာပြခန်းများနေ့ ဖြစ်ပြီး အများပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းရှိ အနုပညာခန်းမများ ကိုသွားရောက်လေ့လာနိုင်ပြီး မဟာ ဗန္ဓုလပန်းခြံတွင် ညနေခင်းကို အပန်းဖြေကုန်လွန်နိုင်ကြောင်း သိရသည်။
မတ် ၁၁ ရက်တွင် ပြင်သစ် ယဉ်ကျေးမှုဌာန၌ Dominique Nahr ၏ ''တောင်ဆူဒန် (သို့မဟုတ်) ပြိုကွဲနေသည့်နိုင်ငံ'' ပြပွဲဖွင့်လှစ်မှုဖြင့် ပွဲတော်ကို တင်ဆက်သွားမည်ဟု သိရသည်။ နိုင်ငံတကာ ဓာတ်ပုံပညာ ရှင်များ ပါဝင်အကဲဖြတ်မည့် အကောင်းဆုံး ဓာတ်ပုံဇာတ်လမ်းဆု များအတွက် မြန်မာဓာတ်ပုံဆရာများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဆုနှင်းလဲ့
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
No comments:
Post a Comment