Sunday, March 5, 2017

ပြုံယမ်းဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဇာတ်ခင်းခြင်းသာဖြစ်သည်ဟုဆို



 ပေကျင်း မတ် ၄ 

မြောက်ကိုရီးယား ခေါင်းဆောင်၏ အဖေတူ အမေကွဲအစ်ကို လုပ်ကြံသတ် ဖြတ်မှုနှင့်ပတ်သက်ပြီး သံသယမကင်း ဖြစ်နေသည့် ရီဂျွန်ချော်က ၄င်းကို မလေးရှားအာဏာပိုင်များက သံသယ ရှိသူအဖြစ် စွဲချက်တင်ခြင်းမှာ မြောက် ကိုရီးယား၏ ဂုဏ်သိက္ခာကို ကျဆင်း စေလိုခြင်းကြောင့်ဖြစ်ကြောင်း ပေကျင်း တွင် ပြောကြားခဲ့သည်။
မတ် ၄ ရက်က ပေကျင်းရှိ ကိုရီးယားသံရုံးအပြင်ဘက်တွင် မြောက် ကိုရီးယားနိုင်ငံသားဖြစ်သူရီက မလေးရှား အာဏာပိုင်များသည် ၄င်းထံမှ ဖြောင့်ချက်ရရန်အတွက် အင်အားသုံးခဲ့ သည်ဆိုကာ မလေးရှားကို စွပ်စွဲလိုက် သည်။
ကင်ဂျုံနမ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်၌ ဖေဖော်ဝါရီ ၁၃ ရက်က တားမြစ်ဓာတုပစ္စည်းဖြင့် လုပ်ကြံခံခဲ့ရသည်။
ကင်ဂျုံနမ် သေဆုံးခြင်းကြောင့် ကာလရှည်ကြာ ထိန်းသိမ်းခဲ့သော မလေးရှားနှင့် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ကင်ဂျုံနမ် အသတ်ခံရချိန်တွင် ၄င်းအနေဖြင့် လေဆိပ်၌ မရှိကြောင်း၊ ၄င်း၏ကားကို အသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ၄င်းအနေဖြင့် ဘာမျှ မသိပါဟု ပြောခဲ့သည်။ လေဆိပ်သို့ သွားစရာအကြောင်းမရှိကြောင်း၊ မိမိ အလုပ်ကိုသာ မိမိလုပ်နေကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
သောကြာနေ့က မလေးရှားနိုင်ငံမှ ထွက်ခွာလာခဲ့သော ရီသည် မြောက် ကိုရီးယားသို့အပြန် ပေကျင်းသို့အရောက် တွင် သတင်းထောက်များ၏ မေးမြန်း ချက်များကို ထိုသို့ဖြေကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ပေကျင်းရှိ မြောက်ကိုရီးယားသံရုံး ရှေ့တွင် ရီက မလေးရှားတွင် သက်သေ အမှားများဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း၊ ရဲများက မိသားစုပုံကို ပြသခဲ့ကြောင်း ၄င်းက ပြောသည်။ အဆိုပါကိစ္စသည် လုပ်ကြံမှုသက်သက်ဖြစ်ကြောင်း၊ လုပ် ဇာတ်ကြီးဖြစ်ကြောင်း မြောက်ကိုရီးယား ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းက ပြောခဲ့သည်။ (ရိုက်တာ)

No comments:

Post a Comment