Wednesday, March 1, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်အား လက်ခံတွေ့ဆုံ



Image may contain: 2 people, people sitting and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ပညာရေးကဏ္ဍနှင့် ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ ပြည်သူများအချင်းချင်း အပြန်အလှန် ချိတ်ဆက်နားလည်နိုင်မှု တိုးမြှင့်ရေးတို့ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment