Sunday, March 5, 2017

ဆိုမာလီယာနိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွား၊ နှစ်ရက်အတွင်း လူ ၁၁ဝ ကျော်သေဆုံး



Image may contain: 2 people, people smiling, people sitting and outdoor
မိုဂါဒစ်ရှူး မတ် ၎
ဆိုမာလီယာနိုင်ငံတောင်ပိုင်းတွင် လွန်ခဲ့ သောနှစ်ရက်က ကာလဝမ်းရောဂါ စတင်ဖြစ်ပွားကာ နိုင်ငံတစ်ဝန်းပျံ့နှံ့လျက်ရှိပြီး ရောဂါကူးစက်မှုကြောင့် လူပေါင်း ၁၁ဝ ကျော် သေဆုံးခဲ့ရကြောင်း ဝန်ကြီးချုပ် ဟာဆန် အလီခါရီကဆိုသည်။
ဆိုမာလီယာနိုင်ငံ တောင်ပိုင်းရှိ ဘေဒေသသည် ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ဦးရေအများဆုံးဒေသဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိပြည်သူများသည် မိုးခေါင်ရေရှားမှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဆိုမာလီယာအစိုးရအနေဖြင့် ကာလဝမ်းရောဂါ ကာကွယ်ကုသရေးအတွက် ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဟာဆန် အလီခါရီက ပြောကြားခဲ့သည်။
နိုင်ငံအတွင်းဖြစ်ပွားနေသော ကာလ ဝမ်းရောဂါပျံ့နှံ့မှုနှုန်းသည် အလွန်လျင်မြန် လျက်ရှိပြီး ၎င်းတို့အနေဖြင့် ထိန်းချုပ်ရန် ခက်ခဲသည့် အနေအထားတွင်ရှိကြောင်းနှင့် ဗဟိုအစိုးရနှင့် နိုင်ငံတကာ၏ အရေးပေါ်ကူညီထောက်ပံ့မှုများရရှိရန် လိုအပ်ကြောင်း ဆိုမာလီယာနိုင်ငံ အနောက်တောင်ပိုင်းတိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး မိုဟာမက် ဟာဆန် ဖီကီက ဆိုသည်။
ဆိုမာလီယာနိုင်ငံ ဘေဒေသရှိ ဂုဖ်-ဂူဒက်၊ အော်ဒီနယ်လ်နှင့် ဘာဒါလီ ရွာများတွင် ရောဂါပျံ့နှံ့မှုနှုန်း လျင်မြန်လျက်ရှိသည်။ ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူများအနက် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်းသိရသည်။ သေဆုံးမှုနှုန်းသည်လည်း အချိန်နှင့်အမျှမြင့်တက်လျက်ရှိကြောင်း ဝန်ကြီးဖီကီကဆိုသည်။
ဆင်ဟွာ။

No comments:

Post a Comment