Sunday, March 5, 2017

ပေကျင်းက ကာကွယ်ရေးစရိတ် ယွမ် တစ်ထရီလီယံ တိုးမြှင့်သုံးစွဲမည်



Image may contain: 8 people, people smiling
ပေကျင်း မတ် ၎
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၎င်း၏ ကာကွယ်ရေး စရိတ်ကို ပထမဆုံးအကြိမ်အဖြစ် ယွမ် တစ်ထရီလီယံ (ဒေါ်လာ ၁၄၅ ဘီလီယံ) ခန့် တိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း ယနေ့သတင်းများအရသိရသည်။
ကာကွယ်ရေးစရိတ်တို့းမြှင့်သုံးစွဲမည့်ကိစ္စနှင့်ပတ်သက်ပြီး ကွန်ဂရက်ပြောရေးဆိုခွင့်ရှိသူ ဖူယင်းက မတ် ၄ ရက် တွင်ကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံ၏ကာကွယ်ရေးစရိတ်ကို ယခင်နှစ်များထက် ၂ဝ၁၇ ခုနှစ်တွင် ခုနစ်ရာခိုင်နှုန်းတိုးမြှင့်သုံးစွဲမည်ဖြစ်သည်ဟု ဖူယင်းကဆိုသည်။
ယမန်နှစ်က နိုင်ငံ၏ ကာကွယ်ရေးစရိတ်ကို ယွမ် ၉၅ဝ ဘီလီယံ သုံးစွဲခဲ့သည်။ ယခုနှစ်သုံးစွဲမည့် စစ်သုံးစရိတ် ယွမ် တစ်ထရီလီယံ ပမာဏသည် ယခင်နှစ်များအတွင်း သုံးစွဲခဲ့သော ကာကွယ်ရေးစရိတ်များထက်များပြားသည်။ သို့သော် ၂ဝ၁၅ နှင့် ၂ဝ၁၆ ခုနှစ်အတွင်း မြှင့်တင် သုံးစွဲခဲ့သော ကာကွယ်ရေးစရိတ်တိုးမြှင့်မှု ရာခိုင်နှုန်း ပမာဏထက် လျော့နည်းသည်။ ၂ဝ၁၅ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ၁ဝ ဒသမ ၁ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ ပြီး ၂ဝ၁၆ ခုနှစ်တွင် ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့သည်။ ယခုနှစ်တွင် ခုနစ်ရာခိုင်နှုန်းသာ တိုးမြှင့်သုံးစွဲနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ကာကွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ဖူယင်းက ဆိုသည်။
ကာကွယ်ရေးကဏ္ဍတွင် စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်လက်နက်များ အဆင့်မြင့်ထုတ်လုပ်ရေးအပါ အဝင် ပြည်တွင်းလုပ်လေယာဉ်တင် သင်္ဘောများ တည်ဆောက်ရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment