နိုင်ငံတကာသတင်း
အလက်ပို မတ် ၅
တူရကီနယ်နိမိတ်အတွင်း ပျက်ကျခဲ့သည့် ဆီးရီးယားတပ်မတော် လေယာဉ်မှူးကို တူရကီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ရာ အဆိုပါ လေယာဉ်မှူးအား ဟာတေဒေသအတွင်းရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပြီး ကုသခဲ့ကြောင်း ဆေးရုံ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စနေနေ့က ပျက်ကျခဲ့သည့်လေယာဉ်မှူးအား ပျက်ကျခဲ့သည့် လေယာဉ်အပျက်အစီး၏ ကီလိုမီတာ ၄ဝ (၂၅မိုင်) အကွာခန့်တွင် ကယ်ဆယ်ရေး အဖွဲ့သားများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒိုဂန်သတင်းအေဂျင်စီက ဖော်ပြခဲ့ သည်။
၎င်းအား တူရကီအခြေစိုက် ပြင်သစ်ရဲတပ်ဖွဲ့ရုံးသို့ ဦးစွာခေါ်ဆောင်သွားခဲ့ ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟုဆိုသည်။ အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် လေယာဉ်မှူး၏အမည်မှာ မာမက်ဆူဖန်ဖြစ်ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက ပြော ကြားခဲ့သည်။
လေယာဉ်မှူးသည် ကျောရိုးတွင် ထိခိုက်ကျိုးပဲ့မှုအချို့ရှိခဲ့သော်လည်း ကံကောင်း ထောက်မစွာဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း သိရ သည်။
၎င်းတက်ရောက်ကုသလျက်ရှိသည့် ဆေးရုံအတွင်းပိုင်းနှင့် အနီးတစ်ဝိုက်တွင် လုံခြုံရေးစောင့်ကြပ်ချထားမှုကို ရုပ်မြင်သံကြားထုတ်လွှင့်မှု၌ တွေ့မြင်ရသည်။
(ရိုက်တာ)
No comments:
Post a Comment