Thursday, March 2, 2017

ကမ္ဘောဒီးယားနိုင်င့ ဒုတိယ၀န်ကြီးချုပ်နှင့်အဖွဲ့ ပုဂံမြို့သို့ ရောက်ရှိ

Image may contain: 6 people, people sitting, food and indoor
ပုဂံ မတ် ၁
မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်နှင့် အဖွဲ့သည် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ပုဂံမြို့သို့ရောက်ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့အား မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်နှင့် တာဝန်ရှိသူများက ပုဂံ-ညောင်ဦးလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုဂံမြို့တွင်းရှိ ရွှေစည်းခုံဘုရား၊ ထီးလိုမင်းလို ဘုရားနှင့် အလိုတော်ပြည့်ဘုရားတို့အား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ဆက်လက်၍ ညနေ ၃ နာရီတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်လေ့လာပြီး အာနန္ဒာဘုရားနှင့် မြင်းကပါဂူပြောက်ကြီးဘုရားတို့အား သွားရောက်ဖူးမြော်ခဲ့သည်။ ယင်းနောက် ဦးဘငြိမ်းယွန်းထည်လုပ်ငန်းသို့ ဆက်လက်သွားရောက်လေ့လာခဲ့သည်။
ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က Bagan Thiripyitsaya Sanctuary ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
(ရာမည)

No comments:

Post a Comment