Thursday, March 2, 2017

နေပြည်တော် စည်ပင်ဘဏ်လီမိတက် ပျဉ်းမနားဘဏ်ခွဲ ဖွင့်လှစ်

Image may contain: 1 person, standing, flower and outdoor
နေပြည်တော် မတ် ၁
နေပြည်တော်စည်ပင်ဘဏ်လီမိတက် ပျဉ်းမနားဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်အနီး၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ နေပြည်တော်စည်ပင် ဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးခင်လတ်တို့က နေပြည်တော် စည်ပင်ဘဏ်လီမိတက် ပျဉ်းမနားဘဏ်ခွဲ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမျိုးတင့်က နေပြည်တော်စည်ပင်ဘဏ်လီမိတက် ပျဉ်းမနားဘဏ်ခွဲ ဆိုင်းဘုတ်ကို နံနက် ၉ နာရီတွင် စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။
ထို့နောက် ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာသည့် ဧည့်သည်တော်များက ဘဏ်ခွဲအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယနေ့ဖွင့်လှစ်သည့် နေပြည်တော် စည်ပင်ဘဏ် လီမိတက် ပျဉ်းမနားဘဏ်ခွဲသည် ဆဋ္ဌမမြောက်ဘဏ်ခွဲ အဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
နေပြည်တော် စည်ပင်ဘဏ်လီမိတက်အနေဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်း မြို့ပြနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ လုပ်ငန်းများ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများ ဌာနအောက်ရှိ ဈေးများတွင် ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးဆိုင်ခန်းရှင် များအား ချေးငွေများထုတ်ချေးခြင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းရှင်များအား ချေးငွေထုတ်ချေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မကြာမီ တပ်ကုန်း ဘဏ်ခွဲအား ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၁ဝ၇)

No comments:

Post a Comment