
ကျောက်တံခါး မတ် ၎
၂ဝ၁၇ ခုနှစ် ရွေးကောက်ပွဲအတွက်အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများအား မဲရုံမှူးဒုမဲရုံမှူးများအတွက် မဲရုံဆိုင်ရာလုပ်ငန်းသင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ် ၃ ရက် နံနက် ၉ နာရီကကျင်းပရာ ဆရာ ဆရာမ ၁ဝဝ အား မဲရုံမှူး ဒုမဲရုံမှူးများ၏ မဲရုံဆိုင်ရာလုပ်ငန်းသင်တန်းကို အဖွဲ့နှစ်ဖွဲ့ ခွဲကာ နှစ်ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ပြီး ကျန်ရှိသည့် သင်တန်းသား ၃ဝဝ အား ခြောက်ဖွဲ့ခွဲကာ မတ် ၁ဝ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)
No comments:
Post a Comment