Friday, March 31, 2017

မုံရွာအကျဉ်းထောင်အတွင်း ကြိုတင်မဲကောက်ယူရာ ပြစ်ဒဏ်ကျအကျဉ်းသား ၉၂ ဦး ကြိုတင်မဲပေး

မုံရွာအကျဉ်းထောင်အတွင်း ကြိုတင်မဲကောက်ယူရာ ပြစ်ဒဏ်ကျအကျဉ်းသား ၉၂ ဦး ကြိုတင်မဲပေး
မုံရွာအကျဉ်းထောင်အတွင်း ကြိုတင်မဲကောက်ယူရာ ပြစ်ဒဏ်ကျအကျဉ်းသား ၉၂ ဦး ကြိုတင်မဲပေး
Image may contain: 3 people, people smiling, people standing
မုံရွာ မတ် ၃ဝ
မုံရွာမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲကောက်ယူခြင်း အနေဖြင့် မတ် ၂၉ ရက်က မုံရွာ အကျဉ်းထောင်အတွင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ခဲ့ကြရာ ပြစ်ဒဏ်ကျအကျဉ်းသား အကျဉ်းသူ ၉၂ ဦး ကြိုတင်မဲပေးခဲ့ကြောင်း မုံရွာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြင်စောထံမှ သိရသည်။
မုံရွာအကျဉ်းထောင်အတွင်း ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်၍ အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့် ရွေးကောက်ပွဲ စိတ်ဝင်စားသူများက စောင့်ကြည့်လေ့လာ မှတ်တမ်းတင်ကြရာ ကြိုတင်မဲပေးခြင်းလုပ်ငန်းသည် ဥပဒေနှင့် ညီညွတ်မှန်ကန်မှုရှိကြောင်း Chindwin Institute ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ တာဝန်ရှိသူ ကိုစိုးဝင်းဆွေထံမှ သိရသည်။
Chindwin Institute စောင့်ကြည့် လေ့လာရေးအဖွဲ့အနေဖြင့် မုံရွာမြို့နယ်အတွင်းရှိ မဲရုံ ၁၅၉ ရုံအနက် တပ်တွင်းမဲရုံ ခုနစ်ရုံကို အဓိကစောင့် ကြည့်သွားမည်ဖြစ်သလို ကြိုတင်မဲပေးသည့် ကာလအတွင်း ကြိုတင်မဲပေးမှု အခြေအနေများ လေ့လာမှတ်တမ်း တင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦး၏ ကတိကဝတ်များကို ပြုစုကာ ဆက်လက်စောင့်ကြည့်မှုများကို ဆောင်ရွက်လျက်ရှိပြီး ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် အဖွဲ့ဝင်များဖြင့် မဲရုံအားလုံးကို စောင့်ကြည့်လေ့လာသွား မည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် စောင့်ကြည့်ကြမည့် အဖွဲ့ဝင် ၃၉ ဦးအား အနီးကပ် စောင့်ကြည့်လေ့လာမှု သင်တန်းအဖြစ် မတ်၂၈ ရက် ညပိုင်းနှင့်၂၉ရက်တို့ တွင် Chindwin Institute မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာ ဥပဒေများကို သင်ကြားပို့ချပေးခဲ့သလို မတ် ၃ဝ ရက်တွင် မုံရွာမြို့ ကားလေးဝင်းရှေ့၊ ဇရပ်ဝိုင်းဘုရားရှေ့ နှင့် ကျောက်ကာလမ်း အရိပ်စစ်လက်ဖက်ရည်ဆိုင်ရှေ့တို့တွင် အများပြည်သူသိရှိစေရန် ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ် ၁၇ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သော ဒုတိယအကြိမ် မဲစာရင်းကြေညာမှုကို စောင့်ကြည့်ခဲ့ရာ မုံရွာမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ နှစ်သိန်းခွဲခန့်၏ ထက်ဝက်ကျော်ကို စစ်တမ်းကောက်ယူထားချက်အရ ပထမအကြိမ် မဲစာရင်း ကြေညာစဉ်က လာရောက်ကြည့်ရှုသူ ရာခိုင်နှုန်းမှာ သုည ဒသမ ၈၅ ရာခိုင် နှုန်းကျော်သာ လာရောက်ကြည့်ရှုရာမှ ဒုတိယအကြိမ်တွင် သုံးရာခိုင်နှုန်းကျော်အထိ မဲစာရင်းလာရောက် ကြည့်ရှုသည်ကို စစ်တမ်းကောက်ယူ ရရှိကြောင်း Chindwin Institute အဖွဲ့ တာဝန်ရှိသူ ကိုစိုးဝင်းဆွေထံမှ သိရသည်။
မျိုးဝင်းထွန်း (မုံရွာ)

No comments:

Post a Comment