Wednesday, March 1, 2017

တရုတ်လုပ်စစ်သုံးမောင်းသူမဲ့လေယာဉ်များကို ပြည်ပနိုင်ငံတစ်နိုင်ငံက အများအပြားမှာယူ



No automatic alt text available.
ပေကျင်း ဖေဖော်ဝါရီ ၂၈
တရုတ်နိုင်ငံလုပ် စစ်သုံးမောင်းသူမဲ့ လေယာဉ်စင်းရေ အများအပြားကို အမည်မဖော်သည့် ပြည်ပနိုင်ငံ တစ်နိုင်ငံက ဝယ်ယူရန် အမှာစာ ပေးပို့ခဲ့ကြောင်း နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာနက သတင်းထုတ်ပြန်သည်။ ယင်းမှာယူမှုသည် တရုတ်နိုင်ငံ၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်မှုလုပ်ငန်း၏ ဝင်ငွေတိုးတက်ရရှိရေး ရည်မှန်းချက် ပြည့်မြောက်ရန် အကျိုးသက်ရောက်မှုရှိကြောင်း သတင်းတွင် ဖော်ပြသည်။
ဝမ်လောင်း-၂ ဟု အမည်ပေးထားသည့် မျိုးဆက်သစ်မောင်းသူမဲ့ လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းမှုမပြုလုပ်မီမှာပင် ယင်းအမှာစာကို ရရှိခဲ့ကြောင်း ချန်ဒူးလေယာဉ်ဒီဇိုင်း ထုတ်လုပ်ရေးနှင့် သုတေသနသိပ္ပံ၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံမှ မောင်းသူမဲ့ စစ်သုံးလေယာဉ် ဝယ်ယူသူအမည်နှင့် မှာယူသည့် လေယာဉ်အစင်းရေ ပမာဏကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ဝမ်လောင်း-၂ အမျိုးအစား မောင်းသူမဲ့လေယာဉ်သည် တောင်ပံအလျား မီတာ ၂ဝ ကျော်(၆၅ ပေ) ရှိပြီး အလယ်အလတ်အမြင့်ပေအထိ ပျံသန်းနိုင်ကြောင်း၊ ခရီးဝေးပျံသန်း နိုင်ကာ ဝေဟင်ကင်းထောက်လုပ်ငန်းနှင့် တိုက်ခိုက်ရေးစွမ်းရည်များရှိကြောင်း သတင်းတွင်ဖော်ပြသည်။
အဆိုပါ မောင်းသူမဲ့လေယာဉ်ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ပထမအကြိမ် စမ်းသပ်ခဲ့သည်။ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ လေယာဉ်ကွင်း တစ်ခု၏ပြေးလမ်းမှ ပျံတက်စေပြီး ၃၁ မိနစ်ကြာမျှ ပျံသန်းခဲ့သည်။
တရုတ်နိုင်ငံ မျိုးဆက်သစ် ကင်းထောက်ပျံသန်းရေးနှင့် တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်များသည် အမေရိကန်ပြီးလျှင် ဒုတိယနေရာတွင် ရပ်တည်နေသည်။
ဆင်ဟွာ။

No comments:

Post a Comment