Friday, March 31, 2017

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်တွင်း ပြည်ပသတင်းမီဒီယာအဖွဲ့များ လွတ်လပ်စွာသတင်းရယူ



Image may contain: 19 people, people standing, crowd, wedding and outdoor
မောင်တော မတ် ၃ဝ
ရခိုင်ပြည်နယ်မောင်တောဒေသတွင် သတင်းရယူလျက် ရှိသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် ယနေ့တွင် မောင်တောမြို့နယ်အတွင်းရှိ ဖြစ်စဉ်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်သည့် ကျေးရွာများသို့ မြေပြင်ကွင်းဆင်း သတင်းရယူကြသည်။
ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် မောင်တော မြို့နယ်အတွင်းရှိ ကျီးကန်းပြင်၊ ဝါးပိတ်၊ အောင်မင်္ဂလာ၊ ဖားဝပ်ချောင်း၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင်၊ ကြက်ရိုးပြင်၊ ငါးစားကြူး၊ ပြောင်ပိုက်ကျေးရွာများနှင့် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ရုံးသို့ သွားရောက်ကြပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နေရပ်မှခေတ္တ တိမ်းရှောင်သွားရာမှ ကျေးရွာအသီးသီးသို့ ပြန်လည်ရောက်ရှိလာမှုအခြေအနေ၊ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုနှင့် ပြန်လည်နေရာချထားရေးအတွက် စီမံဆောင်ရွက် နေမှုအခြေအနေ၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုအခြေအနေ၊ နယ်မြေဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများကို လွတ်လပ်စွာ သတင်းရယူကြသည်။
ထိုသို့ သတင်းရယူစဉ် ကျားခေါင်းတောင်ကျေးရွာရှိ ဒေသခံအမျိုးသမီး သုံးဦးမှ လွန်ခဲ့သော သုံးလခန့်က လုံခြုံရေးတပ်ဖွဲ့ဝင် အချို့၏ အဓမ္မပြုကျင့်ကြောင်းစွပ်စွဲ ပြောကြားမှုများရှိခဲ့ရာ ၎င်းကိစ္စရပ်အပေါ်တာဝန်ရှိသူများက ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment