Friday, March 31, 2017

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် စစ်တွေလေဆိပ် ကြည့်ရှုစစ်ဆေး



Image may contain: one or more people, people standing and outdoor
နေပြည်တော် မတ် ၃ဝ
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မတ် ၂၉ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဌေး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်၊ စစ်တွေ လေဆိပ်အဆောက်အအုံသစ်ဖွင့်လှစ်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လေဆိပ်တာဝန်ခံအရာရှိက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment