Sunday, February 26, 2017

MITA Myanmar Investment Conference & Yangon Great Fair , 2017 ခင်းကျင်းပြသ



Image may contain: 2 people, people standing and indoor
ရန်ကုန် ဖေဖော်ဝါရီ ၂၅
MITA Myanmar Investment Conference & Yangon Great Fair , 2017 ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှ စတင်ကာခင်းကျင်းပြသလျက်ရှိရာ ပြပွဲလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲ၌ ပြခန်းပေါင်း ၂၁ ခန်းပါဝင်ပြီး ရေနံတူးစင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အမြင့်တက်ရသည့်လုပ်ငန်းများမှ Automatic ပစ္စည်းများ၊ အဆောက်အအုံများအတွင်း အရေးပေါ်တစ်စုံတစ်ရာကြုံလာပါက မီးငြှိမ်းသတ်သည့် မီးသတ်ဆေးဘူးများနှင့် Shipping Industry မီးငြှိမ်းသတ်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ Energy များ၊ Medical နှင့် ကြော်ငြာကဏ္ဍများပါဝင်ကှာ့ငစစငညှါုညိကျအမပ ပစ္စည်းမျာဖြစ်သော ဝတ်စုံအရှည်များ၊ မီးကာအပေါ်၊ အောက်အင်္ကျီများ၊ Safety ရှူးဖိနပ်များနှင့် မိုးကာအင်္ကျီများကို ခင်းကျင်းပြသရောင်းချပေးလျက်ရှိသည်။
Seaberg ကုမ္ပဏီလီမိတက်မှ Safety ပစ္စည်းများကို ခင်းကျင်းပြသသည့် ကပ္ပတိန် တိုးဝေဝင်းက ''ကျွန်တော်တို့နဲ့ Partner လုပ်တဲ့ ကုမ္ပဏီကတော့ စင်ကာပူနိုင်ငံက ဖြစ်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ Safety ပစ္စည်းတွေကို မြန်မာနိုင်ငံမှာရောင်းချခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံက လွန်စွာနီးကပ်နေတာမို့ ပစ္စည်းတန်ဖိုးကလည်း ဝယ်ယူသူတွေအတွက် ဈေးနှုန်းမများပါဘူး။ ကျွန်တော်တို့ Seaberg ကုမ္ပဏီလီမိတက်ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းတွေအသုံးပြုနေတဲ့ Safety ပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာ ခင်းကျင်းပြသ ရောင်းချပေးနေပါတယ်။လူ့ခန္ဓာကိုယ်မှာ တစ်ခုခုပျက်စီးသွားတယ်ဆိုရင် ဒီပျက်စီးမှုနဲ့ Safety ပစ္စည်းတွေမှာ နည်းနည်းပိုသုံးလိုက်ရလို့ အကျိုးရှိလာမယ့် ကွာခြားမှုကို ပြည်သူတွေ သိစေချင်ပါတယ်။ ဈေးနှုန်းကလည်းပစ္စည်းတစ်ခုကို ငွေကျပ် ၅ဝဝ ကနေ ငွေကျပ် တစ်သိန်းခွဲတန်ဖိုးရှိတဲ့ Safety ပစ္စည်းတွေကို ရောင်းချပေးနေတာဖြစ်တဲ့အတွက် အရည်အသွေးမီတဲ့ အပပစ္စည်းတွေကို ပြည်သူတွေ ကောင်းကောင်းအသုံးပြုကြစေချင်ပါတယ်'' ဟုပြောသည်။
PT.GAMMA BUANA PERSADA ကုမ္ပဏီလီမိတက်မှ ကပ္ပတိန် ထင်ကျော်ဇော်ကလည်း ''ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ကတော့ အမြင့်တက်အလုပ်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ ဝါယာတွင်းလုပ်ငန်းတွေ၊ ပိုက်လိုင်းလုပ်ငန်း တွေအပါအဝင် Welding နဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအားလုံးကို တာဝန်ယူစစ်ဆေးပေးနေပါတယ်။ အရင်တုန်းက အမြင့်တက်မယ်ဆိုရင် ခါးပတ်တစ်ခုတည်းနဲ့ တက်ရတာဆိုတော့ မတော်တဆပြုတ်ကျတယ်ဆိုရင် ခါးရိုးကျိုးတတ်ပါတယ်။ ဒါကြောင့် ပေါင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ချိတ်ဆွဲလို့ရတဲ့ Safety Beltနအပ ပစ္စည်းကို လုပ်ငန်းခွင်ကလုပ်သားတွေအသုံးပြုသင့်ပါတယ်။ အဓိကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်ကြတဲ့သူတွေအတွက် အကျိုးရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဂဟေဆော်လုပ်ငန်းတွေ၊ Safety ကြိုးအသုံးပြု အမြင့်တက်အလုပ်တွေကိုလည်း သင်တန်းကျောင်းတွေဖွင့်ပြီး ပို့ချပေးနေပါတယ်''ဟု ဆိုသည်။
အဆိုပါ MITA Myanmar Investment Conference & Yangon Great Fair, 2017 ကို ဖေဖော်ဝါရီ ၂၆ ရက်ထိခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- စိုးဝင်း(MLA)

No comments:

Post a Comment