Sunday, February 26, 2017

အိုင်အက်စ်နှင့် ဆက်သွယ်ရန်ကြိုးစားသည့် ချက်နိုင်ငံသားအား ပြည်နယ်တရားရုံးက ထောင်ဒဏ်သုံးနှစ် သုံးလချမှတ်



ပရက်ဂ် ဖေဖော်ဝါရီ ၂၅

ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့နှင့် ဆက်သွယ်ရန်ကြိုးစားသည့် ချက်နိုင်ငံ သားတစ်ဦးဖြစ်သူ ဂျန်ဆီလော့စ်ကီအား ပလက်ဇန်ပြည်နယ် တရားရုံးက ထောင် ဒဏ် သုံးနှစ်နှင့်သုံးလ ချမှတ်လိုက် ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖေဖော်ဝါရီ ၂၅ ရက်က ဖော်ပြခဲ့သည်။


အသက် ၂၂ နှစ်ရှိ ဆီလော့စ်ကီ သည် အိုင်အက်စ်နှင့်ဆက်သွယ်လိုသည့် အတွက် တရားစွဲခံရသော ပထမဆုံး ချက်နိုင်ငံသားတစ်ဦးဖြစ်သည်။ ၄င်းကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလက အစ္စတန် ဘူလ်လေဆိပ်၌ တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ဆီးရီးယားနယ်စပ်အနီး တူရကီနိုင်ငံ ဂါဇီယန်တပ်မြို့သို့ သွားရောက်မည့် လက်မှတ်အား ကိုင်ဆောင်ထားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၄င်းသည် အင်တာနက်မှတစ်ဆင့် အချိတ်အဆက် ပြုကာ ဆီးရီးယားနိုင်ငံ ဂျာရာဘူလက် မြို့သို့ သွားရောက်ပြီး အိုင်အက်စ်အဖွဲ့နှင့် ဆက်သွယ်မည့်သူဖြစ်ကြောင်း တူရကီ ရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးခဲ့ကြောင်း သိရသည်။

အိုင်အက်စ်များနှင့် ဆက်သွယ် သဖြင့် အပြစ်ရှိသည်ကို သိရှိကြောင်း၊ အိုင်အက်စ်များအား သတ်ဖြတ်ရန် အတွက် ဆီးရီးယားသို့ သွားရောက်ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ၄င်းကိုယ် တိုင်အရှုံးများနှင့် ရင်ဆိုင်ခဲ့ရကြောင်း တရားရုံး၌ ပြောကြားခဲ့သည်။ ၄င်းအား တရားရုံးက ပြင်ပလူနာအဖြစ် စိတ်ပိုင်း ဆိုင်ရာဆေးကုသမှုခံယူရန် လတ်တလော တွင် အမိန့်ချမှတ်ထားသည်။

၎င်း၏အမှုအား ဂျူရီအဖွဲ့၏ဆုံးဖြတ် ချက်ခံယူရန် တရားရုံးချုပ်သို့ ဆက်လက် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment