Sunday, February 26, 2017

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲသို့ နာမည်ကြီး သတင်းမီဒီယာများ ဝင်ရောက်ခွင့်မရ



ဝါရှင်တန် ဖေဖော်ဝါရီ ၂၅

ယမန်နေ့က အမေရိကန်နိုင်ငံ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲသို့ နာမည်ကြီး သတင်းမီဒီယာအများစု ဝင်ရောက်ခွင့်မရခဲ့ကြောင်း ယင်းအချက် က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မီဒီယာများအကြား တင်းမာမှုပိုမိုဖြစ်လာ စေခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ် တွင် ဖော်ပြခဲ့သည်။ 

 အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ စပိုက်ဆာ၏ ယမန်နေ့က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ ဝင်ရောက်ခွင့် မရခဲ့သည့် အမေရိကန်သတင်းဌာနများ မှာ စီအင်န်အင်န်၊ နယူးယောက်တိုင်းမ်၊ လော့စ်အိန်ဂျလိစ်တိုင်းမ်နှင့် ပေါ်လစ်တီ ကိုစသောနာမည်ကြီးသတင်းမီဒီယာများ နှင့် ဗြိတိန်မှ ဘီဘီစီ၊ ဘတ်က်ဖိဒ်၊ ဟေးလ်၊ ဟပ်ဖင်တန်ပို့စ်၊ ဒေးလီးမေးလ် စသည် တို့ဖြစ်ကြသည်။ 

 ထိုသို့ သတင်းမီဒီယာများဝင်ရောက် ခွင့်မရမှုကို တုံ့ပြန်သည့်အနေဖြင့် အေပီနှင့် တိုင်းမ်မဂ္ဂဇင်းတို့က ယင်း သတင်းစာရှင်းလင်းပွဲကို သပိတ်မှောက် ခဲ့ကြကြောင်း သိရသည်။

 အိမ်ဖြူတော် သတင်းစာရှင်းလင်း ပွဲမတိုင်မီ အစောပိုင်းက အမေရိကန် သမ္မတထရန့်က အမေရိကန်အကြီးတန်း မီဒီယာများသည် ¤င်း၏အစိုးရနှင့် ပတ်သက်၍ မမှန်မကန်သတင်းများ ရေးသားမှုကို ရှောင်ရှားကြရန် ကွန်ဆာ ဗေးတစ်နိုင်ငံရေးလှုပ်ရှားမှု ညီလာခံမိန့် ခွန်းတွင် ပြောကြားခဲ့သည်။ ထို့အပြင် စီအင်န်အင်န်နှင့် နယူးယောက်တိုင်းမ် သတင်းဌာနများအပါအဝင် အမေရိကန် မီဒီယာငါးခုအား အမေရိကန်ပြည်သူ များ၏ ဆန့်ကျင်ဘက်သတင်းဌာနများ အဖြစ် အမည်တပ်ခဲ့သည်။ 

 ရွေးကောက်ပွဲကာလအတွင်း ထရန့် ၏ စည်းရုံးရေးအဖွဲ့များနှင့် ရုရှားတို့ အကြား ဆက်သွယ်မှုများအပေါ် အက်ဖ်ဘီအိုင်၏ စစ်ဆေးမှု ပေါ့လျော့ ခြင်းအပေါ် သတင်းမီဒီယာများစွာက ရေးသားခဲ့ပြီးနောက် ယခုသီတင်းပတ် အတွင်း ထရန့်နှင့် မီဒီယာများအကြား ထိပ်တိုက်တွေ့ခဲ့ကြကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment