Thursday, February 2, 2017

အင်းလေးဒေသကျွန်းမျောများတွင် GAP စနစ်ဖြင့် ခရမ်းချဉ်သီးနှံစိုက်ပျိုးရေးနှင့် တောင်သူများအား Bio နည်းပညာ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့

Image may contain: one or more people, people standing and text


နေပြည်တော် ဖေဖော်ဝါရီ ၁
ဘေးကင်းလုံခြုံပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် Public Private Partnership(PPP) ပူးပေါင်းဆောင် ရွက်လျက်ရှိရာ အင်းလေးဒေသ ကျွန်းမျောများတွင် GAP စနစ်ဖြင့် ခရမ်းချဉ်သီးနှံ စုစုပေါင်း ဧက ၅ဝ စိုက်ပျိုးကြမည့် တောင်သူ ၅၄ ဦးတို့ အား United Nilar Agribusiness Co.,Ltd. မှ တာဝန်ရှိသူက GAP စနစ်ဖြင့် ကျပ်သိန်း ၅ဝ တန်ဖိုးရှိ Bio နည်းပညာ စိုက်ပျိုးရေးလုပ်ငန်း သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် Topin Hotel ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက United Nilar Agribusiness Co.,Ltd. သို့ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ယခု စီမံကိန်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများကို စိုက်ကွင်းအလိုက် သီးခြားစီ တာဝန်ခွဲဝေချထားပေးပြီး United Nilar Agribusiness Co.,Ltd. မှ ပညာရှင်များ ဒေသတောင်သူများနှင့်ပူးပေါင်း၍ ပျိုးထောင်သည်မှ ဈေးကွက်ရောက်သည်အထိ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိဘဲ အင်းလေးကန် ရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အထောက်အပံ့ပေးနိုင်မည် ဖြစ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများအနေဖြင့်လည်း စားသုံးသူ ဘေးကင်းလုံခြုံမှုရှိစေရန် ဓာတုဆေးဝါးများလျှော့ချအသုံးပြုရေးကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သန်းဦး (လေးမျက်နှာ)

No comments:

Post a Comment