Thursday, February 2, 2017

အပြည်ပြည်ဆိုင်ရာစာချုပ်နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



Image may contain: 3 people, people sitting
နေပြည်တော် ဖေဖော်ဝါရီ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာဗဟိုဌာန (Centre for Civil and Political Rights- CCPR)တို့ ပူပေါင်း၍ အရပ်ဘက်နှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ဘာသာရပ်ဆိုင်ရာအရာရှိများနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကုလသမဂ္ဂလူ့ အခွင့်အရေးကော်မတီအဖွဲ့ဟောင်း Mr. Krister Thelin က စာချုပ်တွင် ပါဝင်သော တာဝန်ဝတ္တရားများနှင့်စပ်လျဉ်းသည့် ၎င်း၏အတွေ့ အကြံများနှင့် ဗဟုသုတများအား တက်ရောက်လာကြသည့်ကိုယ်စားလှယ်များနှင့် အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment