Sunday, February 26, 2017

အင်ဒိုနီးရှားသမ္မတဝီဒိုဒို သြစတြေးလျသို့ သွားရောက်



Image may contain: 1 person, smiling, suit
ဆစ်ဒနီ ဖေဖော်ဝါရီ ၂၅
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုသည် သြစတြေးလျနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစတင်ခဲ့ရာ ဖေဖော်ဝါရီ ၂၅ရက်တွင် ဆစ်ဒနီမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် အစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံက သြစတြေးလျနိုင်ငံသား နှစ်ဦးအား မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုဖြင့် သေဒဏ်ပေးကွပ်မျက်ခဲ့ရာမှ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် တင်းမာမှုများဖြစ်ပေါ်ခဲ့ရသည်။
သြစတြေးလျနိုင်ငံသားနှစ်ဦးအား ကွပ်မျက်ခဲ့ပြီးနောက်တွင် သြစတြေးလျနိုင်ငံက အင်ဒိုနီးရှားနိုင်ငံရှိ ၎င်း၏သံရုံးဝန်ထမ်းများအား ပြန်လည်ခေါ်ယူခဲ့သည်။ သို့သော် ယင်းဖြစ်ရပ်များ ဖြစ်ပျက်ပြီးကတည်းကပင် နှစ်နိုင်ငံစလုံးက ကုန်သွယ်မှုတိုးမြှင့်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးများ လုပ်ဆောင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လာကြသည်။
သြစတြးလျနိုင်ငံသို့ လာရောက်သော အင်ဒိုနီးရှားနိုင်ငံသမ္မတ ဝီဒိုဒို၏ အစီအစဉ်များတွင် နှစ်နိုင်ငံကြား လွတ်လပ်သောကုန်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်ရန် ဦးစားပေးအစီအစဉ်အဖြစ် ပါရှိကြောင်း သိရသည်။
ဆင်ဟွာ။

No comments:

Post a Comment